ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပပြုလုပ်ခြင်း
ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို (၁၀.၁၂.၂၀၁၅)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၀)ဦးအနက် ယမန်နေ့က ပျက်ကွက်သူ(၂)ဦး၊ ယနေ့ ပျက်ကွက်သူ(၁)ဦး၊ စုစုပေါင်းပျက်ကွက်သူ(၃)ဦးနှင့် (၂၇)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၁၃)ခုအား မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော နည်းဥပဒေ(၁၃)ခု အား ဖတ်ကြားမှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မွန်ပြည်နယ်ဥပဒေချုပ်၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်တို့မှ ၂၀၁၁ ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ချက် တင်ပြခြင်း၊ မွန်ပြည်နယ်၏ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ လျာထားချက်တင်သွင်းခြင်း၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးများ၏ ဆောင်ရွက်ချက်များ တင်ပြခြင်းကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက်ဖြစ်သော မွန်ပြည်နယ်လွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေများဖော်ဆောင်မှုကို ဥပဒေများဖော်ဆောင်မှု လေ့လာသုံးသပ်ရေး ကော်မတီမှ လေ့လာတင်ပြခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော မွန်ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဘဏ္ဍာရေး စည်းမျဉ်းကိစ္စတင်ပြခြင်းအား မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်မှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲသည့်ဌာန(၂)ခုနှင့်ငွေလုံးငွေရင်း အသုံးစရိတ်ငွေစာရင်းခေါင်းစဉ်အောက်မှ လုပ်ငန်းပြောင်းလဲဆောင်ရွက်သည့်ဌာန(၁)ခုတို့မှ ပြောင်းလဲဆောင်ရွက် ခွင့်တင်ပြခြင်းအား သဘောတူအတည်ပြုခြင်းတို့ကို ဆောင်ရွက်ပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် မှတ်တမ်း တင်ခြင်း(၆)ရပ်နှင့် သဘောတူအတည်ပြုခြင်း(၁)ရပ် ဆောင်ရွက်ပါသည်။
အစည်းအဝေးတွင် လေ့လာသူအဖြစ် ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာမှ (၂၀)ဦး တက်ရောက်ပါသည်။



