65

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး

ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၈.၃.၂ဝ၁၂ရက်နေ့ မှ ၆.၄.၂ဝ၁၂ရက်နေ့ထိ ကျင်းပပါသည်။ ယင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ပြောကြားသည့်မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်၏ ၂ဝ၁၁-၂ဝ၁၂ ခု ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းနှင့် ၂ဝ၁၁-၂ဝ၁၂ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဥပဒေကြမ်း အတည်ပြုခြင်း၊ ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သော အဆိုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးများက ဆောင်ရွက်မှု အခြေအနေများကို ပြန်လည်ရှင်းလင်းခြင်းအား မှတ်တမ်းတင်ခြင်း၊ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ဋ္ဌေးမြင့်အောင် မှ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ တင်ပြခြင်းနှင့် ၆.၃.၂ဝ၁၂ ရက်စွဲပါစာဖြင့် တင်ပြ ထားသော ပြည်နယ်အစိုးရအဖွဲ့၏ငြိမ်းချမ်းရေးဆောင်ရွက်ချက်အစီရင်ခံစာအား မှတ်တမ်းတင်ခြင်း၊ စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးဌာန၊ ဝန်ကြီးဒေါက်တာမင်းနွယ်စိုးကတင်ပြသော မွန်ပြည်နယ်၏ ၂ဝ၁၁-၂ဝ၁၂ ခု ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့် ၂ဝ၁၂-၂ဝ၁၃ ခု ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတို့ကို အတည်ပြုခြင်း၊ အဆို(၅)ခု တင်သွင်းရာ အဆို(၁)ခု မှတ်တမ်းတင်ခြင်း၊ အဆို(၄)ခု အတည်ပြုခြင်း၊ မေးခွန်း(၆ဝ)ခု မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ မြို့မြေခွန် ကောက်ခံရေး နှင့်ပတ်သက်ပြီး မြို့နယ်အလိုက် မြေခွန်ဇုန်နှုန်းများကို ယခင်/ယခု သတ်မှတ်လျာထား ဆောင်ရွက်ချက် တင်ပြမှုအား အတည်ပြု မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်၏ ၂ဝ၁၂ ခုနှစ် ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုခြင်း၊ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေကြမ်းအား နောင်ကျင်းပမည့်လွှတ်တော် အစည်းအဝေး၌ ဆက်လက်ဆွေးနွေးရန် အများသဘောတူ ဆုံးဖြတ်ချက်အရ ဆိုင်းငံ့ရန် ဆုံးဖြတ်ခြင်း၊ ပြည်နယ်ရေးရာ ကော်မတီ(၃)ဖွဲ့၏ သက်တမ်းတိုးမြှင့်ခြင်းအား မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ပါသည်။

SONY DSC