ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို (၂.၁၁.၂ဝ၁၁)ရက်နေ့မှ (၄.၁၁.၂ဝ၁၁) ရက်နေ့အထိ ကျင်းပပြုလုပ်ပါသည်။ ယင်းအစည်းအဝေးတွင် မေးခွန်း(၂၃)ခု မေးမြန်းဖြေကြားခြင်း၊ပြည်နယ်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာ လျာထားချက်တင်ပြခြင်းနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်က အကြံပြုချက်များကို ပြည်နယ် အစိုးရအဖွဲ့ထံ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်ခြင်း၊ စီးပွားရေးစီမံကိန်းလျာထားချက်များ တင်ပြခြင်းနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်က အကြံပြုချက် များနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ထံ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်ခြင်း၊ အဆို(၄)ခု တင်သွင်းအတည်ပြုခြင်း၊ အစိုးရအဖွဲ့အစီရင်ခံစာ တင်ပြမှုအားမှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်ရေးရာ ပူးပေါင်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား မှတ်တမ်းတင်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ် ပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ပါသည်။


