ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး
ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒသမပုံမှန်အစည်းအဝေးကို (၂.၁၂.၂ဝ၁၄)ရက်နေ့မှ (၅.၁၂.၂ဝ၁၄)ရက်နေ့ အထိ ကျင်းပပါသည်။ အစည်းအဝေးတွင် မေးခွန်း(၅၄)ခု မေးမြန်းခြင်း နှင့်ဖြေကြားခြင်း၊ ၂ဝ၁၄-၂ဝ၁၅ ခု ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း အတည်ပြုခြင်း၊ မွန်ပြည်နယ်အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်နှင့်ရုက္ခဗေဒဥယျာဉ်ဥပဒေကြမ်းအား နောက်တစ်ပတ်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းရန် ရွှေ့ဆိုင်းခြင်း၊ အဆို(၃)ခု တင်သွင်းခြင်း၊ အဆို(၁)ခု ကို မှတ်တမ်းတင်ခြင်း၊အဆို(၁)ခု အတည်ပြုခြင်း၊ အဆို(၁)ခုကို နောက်တစ်ကြိမ်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြရန်ဆုံးဖြတ်ခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏လုပ်ငန်း ဆောင်ရွက်ချက် တင်ပြခြင်း၊ မွန်ပြည်နယ်လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက် တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းများအတွက် သီးသန့်ရန်ပုံငွေမှကျခံသုံးစွဲခွင့် ခွင့်ပြုချက် တင်ပြခြင်း နှင့်မှတ်တမ်းတင်ခြင်း၊ ပြည်နယ်စာရင်းစစ်ချုပ်၏ ဆောင်ရွက်ချက်တင်ပြခြင်း၊ ၂ဝ၁၅-၂ဝ၁၆ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်ကို အတည်ပြုခြင်း၊ မွန်ပြည်နယ်ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေများနှင့် မွန်ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်း နည်းဥပဒေများကို ကိုယ်စားလှယ်များထံ ဖြန့်ဝေထားခြင်းအား တင်ပြခြင်း၊ မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ ကျိုက်ထို၊ သထုံ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲဆောင်ရွက်မှုအတွက် အကြံပြုချက်များ တောင်းခံခြင်း၊ ၂ဝ၁၄-၂ဝ၁၅ ခု၊ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ ငွေလုံးငွေရင်း အသုံးစရိတ်မှ လုပ်ငန်းအရေအတွက် နှင့် တန်ဘိုးပြောင်းလဲ ဆောင်ရွက်ခြင်း၊ ဌာန(၃)ခုမှတည်နေရာ ပြောင်းလဲခြင်း၊ အတိုင်းအတာပမာဏ ပြောင်းလဲခြင်းနှင့်ပစ္စည်းအမျိုးအစား ပြောင်းလဲတင်ပြခြင်းကို အတည်ပြုခြင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့၏လုပ်ငန်း ဆောင်ရွက်ချက် မှတ်တမ်းတင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ ဇယား(၂)ပါ အိမ်တွင်းစက်မှုလက်မှုဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် တည်ဆဲအိမ်တွင်း စက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ (၁၉၉၁)ကို အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေဟု ပြင်ဆင်ပြဋ္ဌာန်း ထားခြင်းကို စိစစ် ဆောင်ရွက်ပေးနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌမှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများထံ သဝဏ်လွှာ ပေးပို့ ဆောင်ရွက်ရေး တိုက်တွန်းကြောင်း တင်ပြခြင်းနှင့် အတည်ပြုခြင်း၊အစည်းအဝေးပထမနေ့တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချမ်းမြင့် တင်သွင်းသော မွန်ပြည်နယ်မြို့နယ်များတွင် အမှိုက်များစနစ်တကျစွန့်ပစ်ရေး စီမံဆောင်ရွက်ခြင်းဖြင့် မြို့သန့်ရှင်းသပ်ယပ်ရေးစီမံချက်များ ရေးဆွဲဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို အတည် ပြုခြင်း၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် တင်သွင်းသော သထုံခရိုင်ကို သုဝဏ္ဏဘူမိ ခရိုင်ဟု ပြောင်းလဲသတ်မှတ်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ အရ နိုင်ငံတော်သမ္မတထံ တင်ပြရေးအဆို နှင့် ပတ်သက်၍ နောက်တစ်ကြိမ် ကျင်းပမည့် လွှတ်တော်အစည်းအဝေး သို့ ရွှေ့ဆိုင်းခြင်း၊ ပြည်နယ်စာရင်းစစ်ချုပ်၏လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရ အဖွဲ့မှ ပေးပို့ လာသော မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ ကျိုက်ထို၊ သထုံ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရေး အစီရင်ခံစာ တင်ပြခြင်းကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ကျောက်တန်းစက်ရုံစုနယ်မြေ တင်ပြခြင်းကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော ၂ဝ၁၄-၂ဝ၁၅ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘတ်ဂျက်တွင် ပါဝင်သော ပြည်နယ် လွှတ်တော်၏ သာမန်အသုံးစရိတ်ရန်ပုံငွေခေါင်းစဉ် လွှဲပြောင်းသုံးစွဲမှုကို သဘောတူခွင့်ပြုရန်တင်ပြခြင်းကို မှတ်တမ်း တင်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံ မြို့နယ်တို့၏ မြို့/ကျေးရွာအုပ်စုများ တိုးချဲ့ပြင်ဆင်မှု တင်ပြခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနများတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးဌာန/အဖွဲ့အစည်းများ ဖွဲ့စည်းပုံခွဲဝေသတ်မှတ်မှု တင်ပြခြင်းနှင့် မွန်ပြည်နယ် လွှတ်တော်မှ ပြဋ္ဌာန်းပြီးသော ဥပဒေများ အကောင်အထည်ဖော်နိုင်ရန် ဥပဒေပါအတိုင်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှု တင်ပြခြင်းတို့ကို မှတ်တမ်းတင်ခြင်း ဆောင်ရွက်ပါသည်။


