ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး
ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို ၃.၄.၂ဝ၁၃ ရက်နေ့ မှ ၅.၄.၂ဝ၁၃ ရက်နေ့အထိ ကျင်းပပါသည်။ အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း ၊ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်မှ မိန့်ခွန်း ပြောကြားခြင်းနှင့်မိန့်ခွန်းအား မှတ်တမ်းတင်ခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂၉.၁.၂ဝ၁၃ ရက်စွဲပါစာအမှတ်၊ ၁၈၆(၁)/၈/ သမ္မတရုံး ဖြင့် ပေးပို့လာသည့် သဝဏ်လွှာအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဖတ်ကြားရှင်းလင်းပြီး မှတ်တမ်းတင်ခြင်း ၊ မေးခွန်း(၃၇)ခုမေးမြန်းဖြေကြားခြင်း၊ မွန်ပြည်နယ်၏ ၂ဝ၁၃-၂ဝ၁၄ ခု ဘဏ္ဍာရေးနှစ် ရသုံး မှန်းခြေငွေစာရင်းနှင့် ၂ဝ၁၃ ခုနှစ်၊ မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာ ဥပဒေအတည်ပြုခြင်း၊ မွန်ပြည်နယ်၏ ၂ဝ၁၃-၂ဝ၁၄ ခု ဒေသန္တရ စီမံကိန်းဥပဒေကြမ်း အတည်ပြုခြင်း၊ မွန်ပြည်နယ်မီးဘေးနှင့်သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဥပဒေကြမ်း၊ မွန်ပြည်နယ်ဇာတ်ရုံများ ကြီးကြပ်ရေးဆိုင်ရာဥပဒေကြမ်းတို့ကို အတည်ပြုခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလကုန်ထိ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ မွန်ပြည်နယ်လွှတ်တော်ရေးရာပူးပေါင်း ကော်မတီ၏ ဆောင်ရွက်ချက်၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ မွန်ပြည်နယ် ဥပဒေချုပ်၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတို့ကို မှတ်တမ်းတင်ခြင်း၊ လွှတ်တော်တွင် မေးမြန်းတင်သွင်းခဲ့သည့် ဥပဒေ၊အဆို၊မေးခွန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို သုံးသပ်ဆွေးနွေးခြင်း၊ အဆို(၄)ခု တင်သွင်းရာ အဆို(၂)ခုအတည်ပြုခြင်း၊အဆို(၁)ခု အတည်မဖြစ်ခြင်း၊ အဆို(၁)ခု မှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေများကို မှတ်တမ်းတင်ခြင်း၊ မော်လမြိုင်မြို့နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတင်ပြခြင်းကို အတည်ပြုခြင်း၊ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂ဝ၁၂)တွင် ကျေးရွာနယ်နိမိတ်အတွင်း လယ်ယာမြေ အမည်ပေါက်များကို လယ်ယာမြေဥပဒေ ပုဒ်မ ၃(က)အရ လယ်ယာမြေ အဖြစ်မှ ရပ်ကွက်/ကျေးရွာမြေများ အဖြစ် ပြောင်းလဲရေး ဆောင်ရွက်ရန်အဆိုကို အတည်ပြုခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင် သာယာရေးဝန်ကြီး မှ မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေ(၂ဝ၁၂ ခုနှစ် မွန်ပြည်နယ်လွှတ်တော်ဥပဒေအမှတ် ၆။)ကို ပြင်ဆင်သည့်ဥပဒေကြမ်း တင်ပြခြင်းကို အတည်ပြုခြင်း၊မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ငွေလုံးငွေရင်းအသုံးစရိတ် လွှဲပြောင်းသုံးစွဲခွင့်နှင့် ပြည်နယ်စာရင်းဖွင့်ဌာန(၁၈)ခုတို့၏ သာမန်အသုံးစရိတ်ငွေစာရင်း ခေါင်းစဉ်လွှဲပြောင်း သုံးစွဲခွင့် ကိစ္စကို သဘောတူကြောင်း ဆုံးဖြတ်ခြင်း၊ မွန်ပြည်နယ် လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းမှုနှင့်စပ်လျဉ်း၍ ဥပဒေ ပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဥပဒေရေးရာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၊ (၁) နှစ်သက်တမ်းတိုး ဆောင်ရွက်ခြင်းနှင့်ဥပဒေ၊ အဆိုနှင့်မေးခွန်းများ အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေးကော်မတီအသစ်ဖွဲ့စည်းခြင်းအား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ပါသည်။


