ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)တက်ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့်စတင်ကြောင် း ကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်မြသီင်္ဂီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့် မုဒုံမြို့နယ်၊ကမာအုပ်ရွာလယ် သောက်ရေကန်စည်းရိုး ကာရန်အတွက် ဘတ်ဂျက်နှစ်ကုန်ဆံးုပြီးဖြစ် သော်လည်းငွေထုတ်ပေးရန် ရပ်ဆိုင်းနေသည့် ကိစ္စနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က မုဒုံမြို့နယ် ၊ကမာအုပ်ရွာလယ် သောက်ရေကန်စည်းရိုး ကာရန်အတွက် ရွာသူရွာသားများ၏ တင်ပြချက်အရဆောင်ရွက်ခဲ့ဲပြီး အုတ်ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ် ရှမ်းရွာတံတားတည်ဆောက်နေခြင်းကြောင့်ပစ္စည်းများသယ်ယူပို့ဆောင်၍ မရသည့်အတွက်ေ ခတ္တရပ်နားထားရခြင်းဖြစ်ကြောင်း၊ သက်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးပစ္စည်းများစုစည်းထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းခွင့်ပြုငွေအား အရစ်ကျထုတ်ပေးပြီး နောက်ဆုံးအရစ်အား လုပ်ငန်းအားလုံးပြီးစီးမှသာ ထုတ်ပေးမည်ဖြစ်ကြောင်းဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် လက်ရှိလုပ်လို့ရတဲ့ အနေအထားမှာ လုပ်ငန်းဆောင်ရွက်မှုမရှိခြင်းအား မည်ကဲ့သို့အရေးယူမည်နည်း၊ လုပ်ငန်းခွင့်ပြုငွေချထားပေးသည်ဆိုသော်လည်း လက်ဝယ်သို့ငွေမရရှိခြင်းအား တာဝန်ရှိသူကို မည်ကဲ့သို့အရေးယူမည်နည်းဟု မေးမြန်းရာ ဝန်ကြီးက မိုးရွာပြီးသဘာဝဘေးကြောင့် လုပ်ငန်းခေတ္တရပ်ဆိုင်းထားတာဖြစ်ပြီး ယခု ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘတ်ဂျက်အကုန်တွင် အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြန်လားည်ဖြေကြားပါသည်။ ဆက်စပ်မေးခွန်း(၂)အနေဖြင့် အရစ်ကျ(၃)ရစ်ထုတ်ပေးသည်ဆိုပြီး လက်ဝယ်မရောက်ရှိခြင်းကို မည်ကဲ့သို့အရေးယူမည်နည်းဟုမေးမြန်းရာ ဝန်ကြီးက သေချာတဲ့ထင်ရှားမှုရှိလျှင် အစိုးရအဖွဲ့သို့တိုင်ကြားနိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၂) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊မဲဆန္ဒနယ်အ မှတ်(၂)မှချောင်းဆုံမြို့နယ်အတွက် လိုအပ်လျက်ရှိသော ခေတ်မီ အဆင့်မြင့် ဈေးကြီးအား အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ကိုယ်စားလှယ်တော်တင်ပြသည့် ချောင်းဆုံမြို့နယ်၊ ခရိုက်သစ်စားကျက်နှင့် ကုလားတို့စားကျက်ဧရိယာ (၂၉.၂၉)ဧကရှိမြေအား အဝေးပြေးယာဉ်ရပ်နားစခန်းဆောက်လုပ်ရေးအတွက်ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်းနှင့် ချောင်းဆုံမြို့အတွက်လိုအပ်လျက်ရှိသော ခေတ်မီအဆင့်မြင့်ဈေးကြီးအား ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြေကြားပါသည်။
(၃) ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင်ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဌာန၏ လုပ်ငန်းများကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် က အခြေခံလုပ်သားများကို ပိုင်နိုင်ကျွမ်းကျင်တဲ့လုပ်သားများဖြစ်အောင် စာတွေ့၊ လက်တွေ့သင်တန်းများပို့ချနိုင်ရေး၊ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဌာန၏ရည်မှန်းချက်ဘယ်လောက်ထားလဲနှင့်အနာဂတ်မှာဘာတွေလုပ်ဆောင်သွားမလဲဆိုသည့်မေးခွန်းနှင့်ပတ်သက်ပြီး နည်းဥပဒေ ၁၀၄ အရ မဖြေကြားနိုင်ပါကြောင်းဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် ဌာန၏ရည်မှန်းချက်မရှိဘူးလား၊ မေးထားသောမေးခွန်းကို ဖြေကြားစေချင်ပါကြောင်းမေးမြန်းရာ ဝန်ကြီးက ဝန်ကြီးဌာနအသစ်ဖြစ်သည့်အတွက် လတ်တလောအစီအစဉ်များမရှိသေးပါ၍ ဖြေကြား၍မရသေးပါကြောင်း၊ ပြည်ထောင်စုမှ ရည်မှန်းချက်များမချပေးရသေးပါကြောင်း၊ ရရှိပါက လွှတ်တော်သို့ပြန်လည်ပေးပို့သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၄) ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အ မှတ် (၂)မှ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကတောင်စိန် ကျေးရွာချင်းဆက်လမ်းအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင်အဆင့်မြှင့်တင်ဆောင်ရွက်ပေးရ န် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က လမ်းအရှည် (၂)မိုင်၊ အကျယ် (၄၀)ပေရှိ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကတောင်စိန် ကျေးရွာချင်းဆက်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။
(၆) ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ရေးမြို့နယ်၊ မဲဆန္ဒနယ်အမတ်(၂)မှ ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် ဈေးသစ်တစ်ဈေး တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ဈေးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။
(၇) ဒေါ်မြသီင်္ဂီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပထမမေးခွန်းအနေဖြင့်မုဒုံမြို့၊ မြို့မဈေးအား အဆင့်မြှင့်ပြ န်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က မုဒုံမြို့၊ မြို့မဈေးအဆင့်မြှင့်တင်နိုင်ရန်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းသွားနိုင်ရေး ဈေးသူဈေးသားများနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။
(ခ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၊ မွန်ပြည်နယ် ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာဖတ်ကြားတင်ပြခြင်း၊ သုံးသပ်ချက်အစီရင်ခံစာအားအမည်စာရင်းတင်သွင်းထားသော ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)တို့မှ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏကျော် မှပြန်လည်ဆွေးနွေးခြင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေကြမ်းအား ပြည်နယ်လွှတ်တော်မှ အတည်ပြုခြင်း။
(ဃ) မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း။
၃။ အစည်းအဝေးကို နံနက်(၁၁း၂၅) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကျင်းပမည့်ရက်ကို(၃၀.၉.၂၀၁၉)ရက် (တနင်္လာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။




