ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(စတုတ္ထနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၈ခုနှစ်၊ ဇွန်လ ၅ ရက်)
၁။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ၂၀၁၈ခုနှစ်၊ ဇွန်လ ၅ ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင် ရွက်ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁ )ဦးတက်ရောက် ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးအောင်ကျော်သူ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းဖွင့်ရာသီတွင် မိန်းလမ်းမပေါ်ရှိ စာသင် ကျောင်းများ၏ ကျောင်းတက်/ကျောင်းဆင်းချိန်တွင် ယာဉ်ထိန်းရဲများချထားပေးရန် အစီ အစဉ် ရှိ/မရှိ သိလိုသောမေးခွန်းနှင့်ပတ်သက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းနိုင်ဦးမှ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၅)မြို့နယ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ (၁၄)ဦး၊ အခြား (၆၅)ဦး စုစုပေါင်း (၇၉)ဦးဖြင့်ဆောင်ရွက်ပြီး ၊ စာသင်ကျောင်းများတွင် တာဝန်ချထားသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အကြောင်းမဲ့ပျက်ကွက်မှုမရှိစေရေးနှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများဆောင်ရွက်ရာတွင်လိုအပ်သည့်နေရာများအား ဖြည့်စွက် တာဝန်ချထားခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် စာသင်ကျောင်းများ၊ ကျောင်းသူ/သားများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် နေ့စဉ်တာဝန်ချထား ဆောင်ရွက်နေခြင်းဖြစ်ပြီး ကျန်မြို့များတွင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏အင်အားပေါ်မူတည်၍ နယ်မြေခံရဲတပ်ဖွဲ့ဝင် များဖြင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။
(၂) ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မွန်ပြည်နယ်မြို့တော်၏ ပြည်နယ်ဆေးရုံကြီးတွင် အသုံးပြုနေခဲ့သော CT Scan စက်အသစ် တစ်လုံး အမြန်ဆုံးရရှိနိုင်ရေးနှင့်ပျက်နေသောစက်အဟောင်းအားပြုပြင် ဆောင်ရွက်ထား ရှိမှုကို သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ ကုသရေး ကိစ္စတွင် အလွန်အရေးပါသောပြည်နယ်၏မြို့တော်၊ ပြည်သူ့ဆေးရုံကြီးတွင် ထား၍ အသုံးပြုရမည့် CT Scan စက်အသစ်တစ်လုံးအမြန်ဆုံးရရှိနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်းနှင့် CT Scan စက်အဟောင်းအား( ၃-၄-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် အသုံးပြုနေစဉ် Error In XC error ဖြစ်ပေါ်မှုကြောင့် ဆက်လက်အသုံးပြု၍ မရတော့ သဖြင့် လိုအပ်သောပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် Gold Lite Myanmar Co.,Ltd အား အကြောင်းကြားခဲ့ရာ (၄-၄-၂၀၁၈)ရက်နေ့တွင် လာရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိ ချက်များအရ ဖြစ်ပေါ်နေသော Error သည် X Ray အားထုတ်လွှတ်ရန် High Voltage ပေးသော INV / HV Unit မှ ချို့ယွင်းနေသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ တင်ပြလာသော စစ်ဆေးတွေ့ရှိချက်များကို သိသာနိုင်စေရန်အတွက် ညွှန်ကြားရေးမှူးချုပ် နေပြည်တော် ကုသရေးဦးစီးဌာနသို့တင်ပြအကြောင်းကြားခဲ့ရာ နေပြည်တော်ကုသရေးဦးစီးဌာနမှ CT Scan Error ဖြစ်နေခြင်းကိုပြုပြင်နိုင်စေရန် (၂)ပတ်အတွင်း ဘတ်ဂျက်ရန်ပုံငွေများချထား ပေးရန်ပြင်ဆင်ထားပြီး ဖြစ်သည်ကို အကြောင်းကြားလာပါကြောင်း ဖြေကြားခဲ့ပြီး ဆက်စပ်မေးခွန်းအနေဖြင့် (၃.၄.၂၀၁၈)ရက်နေ့တွင် ပျက်စီးသွားသော CT Scan အတွက် ပြည်ထောင်စုဝန်ကြီးထံသို့ဖုန်းဖြင့် ဆက်သွယ်တင်ပြထားတာရှိပါသလားမေးမြန်းရာ ဖုန်းဖြင့် တင်ပြထားခြင်းမရှိပါကြောင်းနှင့် CT Scanစက်အမြန်ဆုံးရရှိရေးအတွက် ပြည်ထောင်စုဝန်ကြီးထံသို့ တောင်းခံတင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
(၃) ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ ရင်းငြိမ်တောင်နှှင့်မြောက် ရထားဘူတာလမ်းကူးများကို မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မည်သည့်အချိန်တွင် အမြန်ဆုံးတိုးချဲ့ဆောင်ရွက်ပေးမည်ကို သိရှိလိုသောမေးခွန်းနှင့် ပတ်သက်၍ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးမှ ရင်းငြိမ်တောင်နှင့်မြောက် ရထားလမ်းကူးသည့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ B.O.T စနစ်ဖြင့်ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မြိတ်လမ်း၊ မော်လမြိုင်-သထုံ- ကျိုက်ထို လမ်းပိုင်းပေါ်တွင်တည်ရှိ၍ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ အဆိုပါလမ်းပိုင်းအား (၃၆)ပေ အကျယ် လမ်းချဲ့ပြီး ရထားသံလမ်းကူးနေရာတွင် လမ်းတိုးချဲ့ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ရန် ကျန်ရှိနေပါကြောင်းနှင့် ရင်းငြိမ်ကားလမ်းကူးဂိတ်အမှတ် (၁၊၂)အတွက် ပစ္စည်းများ မှာယူထားးပြီးဖြစ်ပါ၍ ၂၀၁၈ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ပစ္စည်းများရောက်ရှိ မည်ဖြစ်ပြီး ဒုတိယပတ်အတွင်းပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါ သည်။
(၄) ဒေါ်မြသိင်္ဂီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ မုဒုံမြို့နယ်၊ ကော့ခပုံ အ.ထ.က(ခွဲ) ကျောင်းအဆောက်အဦအား အစိုးရမှကူညီပေးရန် အစီအစဉ်ရှိ/မရှိ သိလိုသောမေးခွန်းနှင့်ပတ်သက်၍ လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ (၁၂၀’ x ၃၀’) RC (၂)ထပ်ကျောင်းဆောင်သစ်ကို (၂၀၁၃-၂၀၁၄)ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဘုန်းတော်ကြီး ကျောင်းဆရာတော်နှင့် ကျေးရွာသူ/ကျေးရွာသားဆတို့၏ အလှူငွေဖြင့် ဆောက်လုပ်ခဲ့ရာ (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း( ၆၀’ x ၃၀’) RC (၂)ထပ်(၅၀%)မှာည RC တိုင်ထူပြီး ဖြစ်ပါသည်။ လုပ်ငန်းအပြီးသတ်ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းအုပ်ကြီးမှ (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ် နှင့်(၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်များတွင် (0402) ခေါင်းစဉ်ဖြင့် ငွေကျပ်သိန်း(၁၀၀)အထက် ရန်ပုံငွေတောင်းခံတင်ပြခဲ့ပါသည်။ မြို့နယ်ပညာ ရေးမှူးရုံးမှလည်း ပြည်နယ်ပညာရေးမှူးရုံးသို့ ၂၀၁၈ခုနှစ်(ဧပြီလမှ စက်တင်ဘာလအထိ) ဘဏ္ဍာရေးနှစ်တွင် ထပ်ဆင့်တင်ပြတောင်းခံခဲ့သော်လည်း ဘတ်ဂျက်လျာထားချက်မပါ သည့်အတွက် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်(အောက်တိုဘာလမှ စက်တင်ဘာလအထိ)တွင် ပြည်ထောင်စုအကြီးစားပြင်ဆင်ခြင်း ရန်ပုံငွေမှတင်ပြတောင်းခံသွားမည် ဖြစ်ပါ ကြောင်း ဖြေကြားခဲ့ပါသည်။
(၅) ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၁)မှ မူးယစ်ဆေးဝါးကာကွယ်နှိမ်နှင်းရေးနှင့် စပ်လျဉ်းသည့်မေးခွန်းမေးမြန်းရာ ဝန်ကြီးချုပ်၊ ဒေါက်တာအေးဇံမှ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ခရိုင်၊ ပြည်နယ်အတွင်းအသိပညာပေးကော်မတီ၊ ကာကွယ်ရေးကော်မတီများဖွဲ့စည်းနိုင်ရေးချမှတ်ထားပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းခြင်းအားဖြင့် မွန်ပြည် နယ်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်စေပြီး မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ ရာဇဝတ်မှု လျော့နည်းပပျောက်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးဌာန ဝန်ထမ်း များအတွက် မြေနေရာ၊ ဝန်ထမ်းအိမ်ရာများဆောက်လုပ်နိုင်ရေး စီစဉ်ပေးမည်ဖြစ်ပါ ကြောင်းနှင့်သီးခြားဘဏ္ဍာရန်ပုံငွေသတ်မှတ်ထားခြင်းမရှိသေးကြောင်း ဖြေကြားခဲ့ပါသည်။
(ခ) ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစား ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ် ရေးကော်မတီအမည်ပြောင်းလဲခြင်းအား အတည်ပြုခြင်း၊
၃။ အစည်းအဝေးကို နေ့လည် ( ၁၁ )နာရီတွင်ရပ်နား၍ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေး(ပဉ္စမနေ့)ကျင်းပမည့်ရက်ကို (၆-၆-၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့)နံနက်(၁၀)နာရီတွင်ဆောင်ရွက်ပါမည်။





