မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၆-၆-၂၀၂၆)ရက်၊(သောကြာနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ရေးရာကော်မတီဝင် (၉)ဦးတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်း/တင်သွင်းခဲ့သည့် အဆို/မေးခွန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၆-၆-၂၀၂၆)ရက်၊ နံနက် (၁၂း၀၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


