တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(တတိယနေ့) ကျင်းပပြုလုပ်ခြင်း
၁။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၂.၄.၂ဝ၂၆)ရက်၊ ကြာသပတေးနေ့၊ နံနက်(၁ဝ:ဝဝ)နာရီ အချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် (၃၁)ဦးအနက် (၃၁)ဦးတက်ရောက်ခဲ့ပါသည်။
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စုလွှတ်တော်နာယကမှ ပေးပို့သော ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်မှ မှတ်တမ်းတင်ခြင်း၊ ဥပဒေပြုရေးဆိုင်ရာကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းအား ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့တင်ပြခြင်း၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ သထုံမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမြင့်မောင်လေးမှ လွှတ်တော်သို့ရှင်းလင်းတင်ပြခြင်း၊ အဆိုပါကိစ္စရပ် များနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးရန်မရှိကြသဖြင့် ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့အား လွှတ်တော်မှ သဘောတူ ဆုံးဖြတ်ကြောင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီအား (၉)ဦးဖြင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ လွှတ်တော်သို့ တင်ပြခြင်း၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်းမှ လွှတ်တော်သို့ ရှင်းလင်း တင်ပြခြင်း၊ အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်မှ ဆွေးနွေး ခြင်း၊ ယင်းဆွေးနွေးချက်အပေါ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ကော်မတီဖွဲ့စည်းခြင်းအား ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂၊ နည်းဥပဒေခွဲ(က)နှင့် နည်းဥပဒေ ၆၃၊ နည်းဥပဒေခွဲ(က)၊ (ဂ)တို့အရ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့အား လွှတ်တော်မှ သဘောတူဆုံးဖြတ်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီအား (၁၅)ဦးဖြင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။
၃။ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို မှတ်တမ်းတင်ခြင်း၊ ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီဖွဲ့စည်းနိုင်ရေးကိစ္စတင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၄။ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၂)ဦး ရှိခဲ့ပြီး တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး(တတိယနေ့)ကို (၁ဝး၃၆)နာရီအချိန်တွင် ပြီးစီးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။


