တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့) ကျင်းပပြုလုပ်ခြင်း
၁။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၁၅-၆-၂ဝ၂၆)ရက်၊ တနင်္လာနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊
အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦး အနက် (၃၀)ဦး တက်ရောက်ပါသည်။
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီမှ “ကျန်းမာရေးဝန်ကြီးဌာန၏ သက်ကြီးကျန်းမာရေးစောင့်ရှောက်သည့် Elderly Clinic လုပ်ငန်းသက်ဝင်လှုပ်ရှားရေးအဆို” တင်သွင်းပြီး ကျိုက်မရောမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်မှ အဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေး သင့်ကြောင်း ထောက်ခံဆွေးနွေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ ထောက်ခံဆွေးနွေးချက်အရ အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးမည်ဖြစ်သဖြင့် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များသည် ယနေ့ညနေ(၄)နာရီ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ အစည်းအဝေး (ပထမနေ့)တွင် တင်သွင်းခဲ့သော ပေါင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစံတင်၏ “အခြေခံပညာကျောင်းများတွင် အခြေခံပညာမူလတန်းအဆင့်၌ သင်ကြား နေသော တိုင်းရင်းသားစာပေကို Grade-4 ၊ Grade-5 အထိ တိုးမြှင့်သင်ကြားသင့်ကြောင်းအဆို” နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော မုဒုံမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဌေးနိုင်(ခ)နာဲအမ်သဝ်၊ ကျိုက်ထိုမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူးနှင့် ချောင်းဆုံမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်းတို့မှ ထောက်ခံဆွေးနွေးခြင်း၊ ပြည်နယ် အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်မှ အဆိုအား ထောက်ခံ ဆွေးနွေးခြင်း၊ အဆိုရှင်မှ အတည်ပြုပေးပါရန် တင်ပြဆွေးနွေးခြင်းနှင့် အဆိုအား အတည်ပြုရန် အတွက် လွှတ်တော်၏ သဘောထားမေးမြန်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံးမှ သဘောတူသည့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်၏အဆိုအား လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၃။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့)တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ရပ် တင်သွင်းခြင်းနှင့် အဆိုတစ်ရပ် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၄။ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့)သို့ ဖိတ်ကြား၍ တက်ရောက်သူ(၆)ဦးရှိခဲ့ပြီး အစည်းအဝေးကို (၁၁:၂၇)နာရီအချိန်တွင် ပြီးစီးခဲ့ပါကြောင်း နှင့်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်(အင်္ဂါနေ့)တွင် အစည်းအဝေးအား ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။



