2456

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (တတိယနေ့)ကျင်းပခြင်း

(၆.၉.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (တတိယနေ့)ကို အစီအစဉ် (၉)ခုဖြင့် ကျင်းပါသည်-

အစီအစဉ်(၁)    မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊

အစီအစဉ်(၂)    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (တတိယနေ့)အထမြောက် ကြောင်း နှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊

အစီအစဉ်(၃)    အစည်းအဝေးသို့မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြား ခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၄)    ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းးခြင်းနှင့် သက်ဆိုင် ရာဝန်ကြီးများမှပြန်လည်ဖြေကြားခြင်း –

(က)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်ခြင်းကိစ္စနှင့်ပတ်သက်၍ သိရှိ လိုသောမေးခွန်း၊

(ခ)     ချောင်းဆုံုမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်စပ်လျဉ်း၍ သိရှိလိုသော မေးခွန်း၊

(ဂ)     ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ ချောင်းဆုံမြို့နယ်တွင် လစ်လပ်နေသောမြို့နယ်အားကစားမှူး ဖြည့်စွက်ခန့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံး ပြိုင်ပွဲနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်း၊

(ဃ)    ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ ကျိုက်မရောမြို့မစည်ပင်ဈေးကို ခေတ်မီအဆင့်မြင့်နှစ်ထပ်ဈေးအဖြစ် ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍သိရှိလိုသောမေးခွန်း၊

အစီအစဉ်(၅)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ “ပေါင်မြို့နယ်တွင် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ပန်းခြံတစ်ခုတည်ဆောက်ပေးနိုင်ပါရန် တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်း၊

(ဦးဇော်ဇော်ထူးတင်သွင်းသောအဆိုကို ပြည်နယ်လွှတ်တော်ကလက်ခံဆွေးနွေးရန် သင့်၊မသင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးမှ ဆွေးနွေးခြင်း၊)

(အဆိုအားလက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်နယ်လွှတ်တော်မှဆုံးဖြတ်ခြင်းနှင့် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊

အစီအစဉ်(၆)    သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ “Mawlamyine Cement Limited (MCL)မှကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ (၂၀)မဂ္ဂါဝပ်(၂)လုံးအားစက်ရုံတည်ဆောက်ရန်ခွင့်ပြုမိန့်ရယူထားခြင်းမရှိသည့်အတွက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန်တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍-

                   (က)    အမည်စာရင်းတင်သွင်းထားသောလွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊

                   (ခ)     မွန်ပြည်နယ်အစိုးရအဖွဲ့၏ သက်ဆိုင်ရာဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြခြင်း၊

အစီအစဉ်(၇)    သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ “Mawlamyine Cement Limited (MCL)မှကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ (၂၀)မဂ္ဂါဝပ်(၂)လုံးအားစက်ရုံတည်ဆောက်ရန်ခွင့်ပြုမိန့်ရယူထားခြင်းမရှိသည့်အတွက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန်တိုက်တွန်းကြောင်းအဆို” နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

အစီအစဉ်(၈)    မွန်ပြည်နယ်လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(မူကြမ်း)တင်ပြခြင်း၊

(မဟာဗျူဟာစီမံကိန်း(မူကြမ်း)နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ၊ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊)

`အစီအစဉ်(၉)  ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(တတိယနေ့) အစည်းအဝေး ရပ်နား ကြောင်းနှင့်(စတုတ္ထနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း။