2452

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပခြင်း

(၅.၉.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို အစီအစဉ် (၁၀)ခုဖြင့် ကျင်းပါသည်-

အစီအစဉ်(၁)    မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊

အစီအစဉ်(၂)    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (ဒုတိယနေ့)အထမြောက် ကြောင်း နှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊

အစီအစဉ်(၃)    အစည်းအဝေးသို့မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြား ခြင်းနှင့် ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၄)    ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းးခြင်းနှင့် သက်ဆိုင် ရာဝန်ကြီးများမှပြန်လည်ဖြေကြားခြင်း –

(က)    ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၏ခုနှစ်ခွေလမ်းနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊

(ခ)     မုဒုံမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိဂီၤမော်၏ သစ်တောဦးစီးဌာနမှအမှတ်(၂၇)စက်မှုကုန်ကြမ်းဌာနသို့နှစ်(၃၀)ငှားရမ်းထားသောမြေနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်း၊

(ဂ)     ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ ဘီးလင်းမြို့နယ်၊ ကရင်တိုင်းရင်းသားဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် မွန်ပြည်နယ်အစိုးရမှဆောင်ရွက်ပေးရေးနှင့်စပ်လျဉ်း၍ သိရှိလိုသော မေးခွန်း၊

(ဃ)    သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ မွန်ပြည်နယ်အတွင်းတွင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ကောက်ခံ ရရှိသော အခွန်ငွေနှင့်ပတ်သက်၍သိရှိလိုသောမေးခွန်း၊

(င)ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ တိုင်းရင်းသားစာပေသင်ကြားရေးစာအုပ်များ အချိန်မီရောက်ရှိစေရေး ကိစ္စနှင့် ပတ်သက်၍သိရှိလိုသောမေးခွန်း၊

 အစီအစဉ်(၅)    သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ “Mawlamyine Cement Limited (MCL)မှကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ (၂၀)မဂ္ဂါဝပ်(၂)လုံးအားစက်ရုံတည်ဆောက်ရန်ခွင့်ပြုမိန့်ရယူထားခြင်းမရှိသည့်အတွက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန်တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်း၊

(ဦးအောင်ကျော်သူတင်သွင်းသောအဆိုကို ပြည်နယ်လွှတ်တော်ကလက်ခံဆွေးနွေးရန်သင့်၊မသင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးမှ ဆွေးနွေးခြင်း၊)

(အဆိုအားလက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်နယ်လွှတ်တော်မှဆုံးဖြတ်ခြင်းနှင့် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊)

အစီအစဉ်(၆)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူး၏ “မွန်ပြည်နယ်အတွင်းရှိအဝေးပြေးကားလမ်းမဘေး စာသင်ကျောင်းများရှေ့တွင်လူကူးမျဉ်းကြားနှင့် အချက်ပြမီးတပ်ဆင်ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းကြောင်းအဆို” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍-

                   (က)    အမည်စာရင်းတင်သွင်းထားသောလွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊

                   (ခ)     မွန်ပြည်နယ်အစိုးရအဖွဲ့၏ သက်ဆိုင်ရာဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြခြင်း၊

အစီအစဉ်(၇)    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူး၏ “မွန်ပြည်နယ်အတွင်းရှိအဝေးပြေးကားလမ်းမဘေး စာသင်ကျောင်းများရှေ့တွင်လူကူးမျဉ်းကြားနှင့် အချက်ပြမီးတပ်ဆင်ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းကြောင်း အဆို”  တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

အစီအစဉ်(၈)    ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စား လှယ်များမှဆွေးနွေးခြင်း၊

အစီအစဉ်(၉)    ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊

အစီအစဉ်(၁၀)  ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(ဒုတိယနေ့) အစည်းအဝေး ရပ်နား ကြောင်းနှင့်(တတိယနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း။