ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပခြင်း
(၁၃.၆.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေး(စတုတ္ထနေ့)ကို အစီအစဉ် (၁၀)ခုဖြင့် ကျင်းပပါသည်-
အစီအစဉ် (၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊
အစီအစဉ် (၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း၊
အစီအစဉ်(၃) အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန် ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊
အစီအစဉ် (၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှပြန်လည်ဖြေကြားခြင်း၊
(က) ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး ၏ ဘီးလင်းမြို့နယ် ပြည်သူများ
အတွက် မြို့အိမ်ခြံမြေငှားဂရမ်များနှင့်စပ်လျဉ်း၍ သိရှိလိုသောမေးခွန်း၊
(ခ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျိုက်ထီးရိုးဘုရားနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
(ဂ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ ကျေးလက်ဦးစီးဌာန၏လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
(ဃ) မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ မုဒုံမြို့နယ်ကျေးရွာချင်းဆက်လမ်းများအား ကတ္တရာခင်းပေးရေးနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
(င) ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း၏ ရေးမြို့နယ်၊ လမိုင်းမြို့တိုက်နယ်
ဆေးရုံးဆရာဝန်အင်အားဖြည့်တင်းပေးရေးနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
အစီအစဉ် (၅) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ ” မွန်ပြည်နယ်အတွင်းကျောင်းသား
လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းအား ပြည်နယ်အစိုးရအနေဖြင့် ပိုမိုထိရောက်သောနည်းလမ်းများဖြင့်
အလေးထားစီမံဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို ” တင်သွင်းခြင်း၊
(ဦးအောင်ကျော်သူတင်သွင်းသောအဆိုကို ပြည်နယ်လွှတ်တော်ကလက်ခံဆွေးနွေးရန် သင့်/မသင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးမှဆွေးနွေးခြင်း)
(အဆိုအား လက်ခံဆွေးနွေးရန် သင့်/မသင့် ပြည်နယ်လွှတ်တော်မှဆုံးဖြတ်ခြင်းနှင့် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်
များ ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း)
အစီအစဉ် (၆) ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၏ ” တရားမဝင်မြစ်သဲကျောက်များ ထုတ်လုပ်
နေခြင်းအပေါ် အရေးယူတားမြစ်ပေးပါရန် ပြည်နယ်အစိုးရအဖွဲ့သို့တိုက်တွန်းကြောင်းအဆို ” တင်သွင်းခြင်းနှင့်စပ်လျဉ်း၍
(က) အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊
(ခ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ သက်ဆိုင်ရာဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြခြင်း၊
အစီအစဉ် (၇) ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၏ ” တရားမဝင်မြစ်သဲကျောက်များ ထုတ်လုပ်
နေခြင်းအပေါ် အရေးယူတားမြစ်ပေးပါရန် ပြည်နယ်အစိုးရအဖွဲ့သို့တိုက်တွန်းကြောင်းအဆို ” နှင့်စပ်လျဉ်း၍ ပြည်နယ်
လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ် (၈) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ ” မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်
အမှန်တကယ်ရသင့်ရထိုက်သည့် အခွန်အကောက်များရရှိစေရေးအတွက် ခေတ်မီနည်းပညာများအသုံးပြုပြီး အခွန်အကောက်
များစည်းကြပ်နိုင်ေရးအတွက် တိုက်တွန်းကြောင်းအဆို ” နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ် (၉) မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ
ဆွေးနွေးခြင်း၊
အစီအစဉ် (၁၀) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)အစည်းအဝေးရပ်နားကြောင်းနှင့် (ပဉ္စမနေ့)ဆက်လက်
ကျင်းပမည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း။



