ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပခြင်း
(၈.၆.၂၀၁၇ )ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေး(ဒုတိယနေ့)ကို အစီအစဉ်(၁၃)ခုဖြင့် ကျင်းပပါသည်-
အစီအစဉ် (၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊
အစီအစဉ် (၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း၊
အစီအစဉ် (၃) အစည်းအဝေးသို့မတက်ရောက်နိုင်သောပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်
ရယူခြင်း၊
အစီအစဉ် (၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများမှပြန်လည်ဖြေကြားခြင်း-
(က) ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ မွန်ပြည်နယ်လမ်းဦးစီးဌာန၏လုပ်ငန်း
များ နှင့်စပ်လျဉ်း၍ သိရှိလိုသောမေးခွန်း၊
(ခ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ ဆည်းမြောင်းဦးစီးဌာနနှင့်ပတ်သက်၍သိရှိလို
သည့်မေးခွန်း၊
(ဂ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ ဇင်းကျိုက်မြို့တွင်နှစ်စဉ်ရေကြီးနေမှုနှင့်ပတ်သက်၍
ပြည်နယ်အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကိုသိရှိလိုသောမေးခွန်း၊
(ဃ) ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်
မွန်ပြည်နယ်လွှတ်တော်ကပြဋ္ဌာန်းပေးခဲ့တဲ့ ဥပဒေများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်စပ်သောစည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့်
ညွှန်ကြားချက်များကို လွှတ်တော်သို့ပေးပို့ဆောင်ရွက်မှုမရှိခြင်းကိစ္စနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း၊
(င) ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ ချောင်းဆုံမြို့နယ်၊ ကော့မုပွန်မြောက်မူလွန်
ကျောင်းကို တာဝန်ယူဆောက်လုပ်ခဲ့သော (BORC) ကုမ္မဏီနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
အစီအစဉ် (၅) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၂အရ တိုင်းဒေသကြီးဝန်ကြီးများ သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာကိစ္စနှင့်စပ်လျဉ်းပြီး
မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှအမည်စာရင်းပေးပို့ထားသော ပြည်နယ်စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်
ဦးမင်းကျော်လွင်အားခန့်အပ်တာဝန် ပေးအပ်မည့်အပေါ်အမည်စာရင်းတင်သွင်းထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးခြင်း၊
အစီအစဉ် (၆) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၂အရ တိုင်းဒေသကြီးဝန်ကြီးများ သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာကိစ္စနှင့်စပ်လျဉ်းပြီး
မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှအမည်စာရင်းပေးပို့ထားသော ပြည်နယ်စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်
ဦးမင်းကျော်လွင်အားခန့်အပ်တာဝန် ပေးအပ်မည့်အပေါ်အမည်စာရင်းတင်သွင်းထားသော ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ် (၇) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အမှန်တကယ်
ရသင့်ရထိုက်သည့်အခွန်အကောက်များစည်းကြပ်နိုင်ရေးအတွက်တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်း၊
(ဦးအောင်ကျော်သူတင်သွင်းသောအဆိုကို ပြည်နယ်လွှတ်တော်ကလက်ခံဆွေးနွေးရန်သင့်/မသင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ
ဆွေးနွေးခြင်း)
(အဆိုအားလက်ခံဆွေးနွေးရန် သင့်/မသင့် ပြည်နယ်လွှတ်တော်မှဆုံးဖြတ်ချက်နှင့် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ
ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင်အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း)
အစီအစဉ် (၈) ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၏ ဂဝံမြေနှင့်ကျောက်ရောမြေများတရားမဝင်ထုတ်လုပ်
ရောင်းချနေခြင်းကို အရေးယူတားမြစ်ပေးပါရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်းနှင့်စပ်လျဉ်း၍-
(က) အမည်စာရင်းတင်သွင်းထားသောလွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးခြင်း၊
(ခ) မွန်ပြည်နယ်အစိုးရအဖွဲ့သက်ဆိုင်ရာဝန်ကြီးမှသဘောထားရှင်းလင်းတင်ပြခြင်း၊
အစီအစဉ် (၉) ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၏ ဂဝံမြေနှင့်ကျောက်ရောမြေများတရားမဝင်ထုတ်လုပ်
ရောင်းချနေခြင်းကို အရေးယူတားမြစ်ပေးပါရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
အစီအစဉ် (၁၀) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ဒုတိယ(၆)လ (အောက်တိုဘာလမှ မတ်လအထိ)အစီရင်ခံစာအားတင်ပြခြင်း၊
အစီအစဉ် (၁၁) မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ဒုတိယ(၆)လ (အောက်တိုဘာလမှ မတ်လအထိ)အစီရင်ခံစာအားတင်ပြခြင်းနှင့်စပ်လျဉ်း၍
ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း၊
အစီအစဉ် (၁၂) ၂၀၁၇ခုနှစ် မွန်ပြည်နယ်ငွေတိုးချစားသူများ ဥပဒေကြမ်းတင်သွင်းခြင်း၊
( ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်
ကြောင်းကြေညာခြင်း)
အစီအစဉ် (၁၃) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)အစည်းအဝေးရပ်နားကြောင်းနှင့် (တတိယနေ့)ဆက်လက်ကျင်းပ
မည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း၊


