ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (သတ္တမနေ့)ကျင်းပခြင်း
(၁၂.၉.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို အစီအစဉ် (၉)ခုဖြင့် ကျင်းပါသည်-
အစီအစဉ်(၁) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း၊
အစီအစဉ်(၂) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး (သတ္တမနေ့)အထမြောက် ကြောင်းနှင့် စတင် ကျင်းပ ကြောင်း ကြေ ညာခြင်း၊
အစီအစဉ်(၃) အစည်းအဝေးသို့မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြား ခြင်းနှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၄) ကြယ်ပွင့်ပြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးများ မှပြန်လည်ဖြေ ကြားခြင်း –
(က) ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်၏ နတ်စမ်း-ခရွန်း (ကြာအင်းလမ်း) (၃)မိုင်(၈)ဖာလုံအား ကတ္တရာလမ်းခင်း ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသော မေးခွန်း၊
(ခ) ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းမင်းအောင် ၏ မွန်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိက ဆိပ်ကမ်းများနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်း၊
(ဂ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မွန်ပြည်နယ်အတွင်းနိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ သိရှိလို သောမေးခွန်း၊
(ဃ) သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်သူ ၏ မွန်ပြည်နယ်အတွင်း နွေစပါး စိုက်ပျိုးရေးအခြေအနေနှင့်စပ်လျဉ်း၍သိရှိလိုသောမေးခွန်း၊
(င) မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်မြသိင်္ဂီမော် ၏ ကျေးရွာအုပ်ချုပ်ရေး မှူးနှင့်ကျေး ရွာသူ၊ ကျေးရွာသားများအကြားတွင် ဖြစ်ပွားနေသော ပြဿနာများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာတွင် ကျေးရွာအုပ် ချုပ်ရေးမှူးအား အကာ အကွယ်ပေးနေပြီး ကျေးရွာသူ၊ ကျေးရွာသားများကို ခြိမ်းခြောက်စစ်ဆေးနေမှုများ အား ဖော်ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသောမေးခွန်း၊
(စ) ပေါင်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ မွန်ပြည်နယ်အတွင်း အစိုးရပိုင် ၊ ပြည်သူပိုင်ဓါတ်ဆီဆိုင်များရောင်းချမှုနှင့် ပတ်သက်၍ သိရှိလို သောမေးခွန်း၊
အစီအစဉ်(၅) မွန်ပြည်နယ်လွှတ်တော်အမျိုးသမီနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီတွင်ပါဝင်သင့်သည့်
အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း၊
အစီအစဉ်(၆) မွန်ပြည်နယ်လွှတ်တော် အမျိုးသမီနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်း တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်ပတ်သက်၍ ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့မှ ပြည်နယ်လွှတ်တော်သို့တင်ပြခြင်း၊
အစီအစဉ်(၇) မွန်ပြည်နယ်လွှတ်တော်အမျိုးသမီနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီတွင် ပါဝင်သင့် သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့၏ အမည် စာရင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့အပေါ် ဆွေးနွေးရန်ရှိပါက ဆွေးနွေးခြင်း၊
အစီအစဉ်(၈) မွန်ပြည်နယ်လွှတ်တော်အမျိုးသမီနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီတွင် ပါဝင်သင့် သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့၏ အမည် စာရင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းနှင့် ပတ်သက် ၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊
အစီအစဉ်(၉) ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(သတ္တမနေ့) အစည်းအဝေး ရပ်နားကြောင်းနှင့်(အဋ္ဌမနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကြေညာခြင်း။


