ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(တတိယနေ့)ကို (၆.၁၂.၂၀၁၇) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၃၀)ဦး တက်ရောက်ပါသည်။ အစည်းအဝေးတွင် တက်ရောက် မှု အခြေအနေကိုမှတ်တမ်းတင်ခြင်း၊ မေးခွန်း (၅)ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတင်သွင်းခြင်း (၁)ရပ်၊ ဥပဒေကြမ်းအတည်ပြု ခြင်း(၁)ရပ်၊ ဥပဒေကြမ်းဆိုင်းငံ့ခြင်း (၁)ရပ်၊ မူလခွင့်ပြု ရန်ပုံငွေမှ ခေါင်းစဉ်လွှဲပြောင်းသုံးစွဲမည့်လုပ်ငန်းများစာရင်း တင်ပြခြင်း (၁)ရပ်၊ အစီရင်ခံစာတင်သွင်းခြင်း (၁)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ (၇)ဦး၊ လေ့လာသူ (၄၃)ဦး တက်ရောက်ပြီး ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



