1423

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကျင်းပပြီးစီးခြင်း

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို (၁၄.၁၂.၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေး တွင် မေးခွန်း(၄)ခု မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊ အစည်းအဝေး(ပထမနေ့)တွင် တင်သွင်းခဲ့သော မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ (ဧပြီလမှစက်တင်ဘာလအထိ) အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံ၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၊ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်တို့မှ အကြံပြုဆွေးနွေးခြင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိက ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်ချက်အရ လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးတို့မှ ထပ်ဆင့်ဆွေးနွေးခြင်းနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ (ဧပြီလမှစက်တင်ဘာလအထိ) အစီရင်ခံစာကို ကိုယ်စားလှယ် (၁၂)ဦး၏ ဆွေးနွေးအကြံပြုချက်များအရ အစီရင်ခံစာအား စိစစ်ပြင်ဆင်ရေးဆွဲ၍ ပြန်လည်တင်ပြရန်ဖြစ်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှကြေညာခြင်း၊ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်မှ ”မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်လွှတ်တော်တွင် ဖွဲ့စည်းထားသော ရေးရာကော်မတီများနှင့်လွှတ်တော် ကိုယ်စားလှယ်များ၏ ဥပဒေအရအပ်နှင်းထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များအပေါ် ကန့်သတ်နေမှုများအား ရပ်တန့်ရန် တိုက်တွန်းကြောင်း” အရေးကြီးအဆိုတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူမှ လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေးနွေးခြင်းနှင့်အဆိုအား ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း အသိပေးခြင်းနှင့် ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအစီအစဉ်အား ခေတ္တရပ်နားခဲ့ပါသည်။

၃။       ဆက်လက်ပြီး အစည်းအဝေးကို (၁၄း၀၀)နာရီအချိန်တွင် ပြန်လည်စတင်ပြီး ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင် တင်သွင်းခဲ့သော အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံ၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ ကျိုက်မရောမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ မုဒုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်တို့မှ ထောက်ခံဆွေးနွေးခြင်းနှင့် အဆိုအား ကန့်ကွက်မည့်သူမရှိသဖြင့် အဆိုကို ပြည်နယ်လွှတ်တော်မှ အတည် ပြုကြောင်း ကြေညာခြင်း၊ အစည်းအဝေး သတ္တမနေ့ ကျင်းပမည့်နေ့ရက်ကို ထပ်မံအသိပေးမည်ဖြစ်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)တွင် မေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း (၁)ရပ်၊ အရေးကြီးအဆို           အတည်ပြုခြင်း(၁)ရပ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍ တက်ရောက်သူ (၂)ဦး၊ လေ့လာသူ (၅)ဦး တက်ရောက်ခဲ့ ပါသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို (၁၄း၄၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

20161214_102758 20161214_100111