3205

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့) ဆောင်ရွက်ပြီးစီးမှုတင်ပြခြင်း

      ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို (၃၀-၃-၂၀၁၈)ရက်၊ သောကြာနေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက်(၂၇)ဦးတက်ရောက်မှု အခြေ အနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း (၅)ခုမေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ မွန်ပြည်နယ် လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်(၁)ဦး အစားထိုးခြင်းနှင့်ကော် မတီသက်တမ်း (၁)နှစ်တိုးမြှင့်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင် (၁)ဦး အစားထိုးခြင်းနှင့် ကော်မတီသက်တမ်း(၁)နှစ်တိုးမြှင့်ခြင်း၊ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ပြောင်းလဲပြင် ဆင်ခြင်းနှင့်ကော်မတီသက်တမ်း(၁)နှစ်တိုးမြှင့်ခြင်းတို့အား လွှတ်တော်မှအတည်ပြုကြောင်း ကြေညာ ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။အစည်းအဝေးတွင်ဖိတ်ကြား၍ တက်ရောက် သူ (၆)ဦး၊ လေ့လာသူ (၂)ဦး တက်ရောက်ခဲ့ပါသည်။