94

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၈.၉.၂ဝ၁၃) ရက်နေ့မှ (၂ဝ.၉.၂ဝ၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ပေးပို့လာသော ဌာနဆိုင်ရာနယ်ဘက်ဝန်ထမ်းများ ကိစ္စနှင့် ပြည်နယ်ဝန်ကြီးဌာနအမည်ပြောင်းလဲသတ်မှတ်ခြင်းကိစ္စ သဝဏ်လွှာများကို ဖတ်ကြား မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၃၈)ခု မေးမြန်းဖြေကြားခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ မွန်ပြည်နယ်၏ ၂ဝ၁၃-၂ဝ၁၄ခု ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက် အတည်ပြုခြင်း၊ မွန်ပြည်နယ်ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများချီးမြှင့်ခြင်း ဥပဒေ အတည်ပြုခြင်း၊ မွန်ပြည်နယ်ကျေးရွာထင်းစိုက်ခင်း ဥပဒေအတည်ပြုခြင်း၊ မွန်ပြည်နယ်ပုဂ္ဂလိကပိုင်ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးဥပဒေကြမ်းအား နောက်တစ်ကြိမ် ကျင်းပမည့်လွှတ်တော် အစည်းအဝေးတွင် တင်သွင်းရန် ဆုံးဖြတ်ခြင်း၊ မွန်ပြည်နယ်ကုန်တင်ကုန်ချနည်းဥပဒေများမှတ်တမ်းတင်ခြင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြည်နယ်စာရင်းစစ်ချုပ်၏လုပ်ငန်းဆောင်ရွက်ချက်များအား မှတ်တမ်းတင်ခြင်း၊ အဆို(၅)ခု တင်သွင်းရာ အဆို(၄)ခု အတည်ပြုခြင်း၊ အဆို(၁)ခု မေးခွန်းပြောင်းခြင်း၊ ပြည်နယ်ငွေစာရင်းဖွင့်ဌာနဆိုင်ရာ(၁၈)ခုတို့၏ ငွေစာရင်း ခေါင်းစဉ်လွှဲပြောင်းသုံးစွဲခြင်း တင်ပြချက်ကို ကိုယ်စားလှယ်တစ်ဦးမှစိစစ်ချက်များ တင်ပြကာ လွှဲပြောင်းသုံးစွဲခြင်းကို သဘောတူကြောင်း ဆုံးဖြတ်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ ငွေစာရင်းပါထောက်ပံ့ငွေ အသုံးစရိတ်အတွက် သုံးစွဲမည့် လုပ်ငန်းများ တင်ပြချက်အပေါ် ကိုယ်စားလှယ်တစ်ဦးမှ ယင်းအသုံးစရိတ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆင်းရဲ နွမ်းပါးမှုလျော့ချရေး၊ လယ်သမားတိုက်ရိုက်အကျိုးပြုလုပ်ငန်း ဖြစ်သည့် မြို့နယ်(၁ဝ)မြို့နယ်သို့ Back Hole တစ်စီးစီ ဝယ်ယူအသုံးပြုခြင်း ခွဲဝေဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုချက်၊ လုပ်ငန်းအပါအဝင် ကျခံသုံးစွဲမည့် လုပ်ငန်းများ တင်ပြဆွေးနွေးဆုံးဖြတ်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ထပ်ဆင့်မေးခွန်းကို ပြည်နယ် စာရင်းစစ်ချုပ်မှ ပြန်လည် ဖြေကြားခြင်း ပြည်နယ်လွှတ်တော်ဥပဒေ၊ အဆို၊ မေးခွန်းများအပေါ် အကောင်အထည်ဖော်မှု လေ့လာ သုံးသပ်ရေး ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဥပဒေရေးရာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီဝင်တစ်ဦး အစားထိုး တာဝန်ပေးအပ်ခြင်း သဘောတူကြောင်း ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ပါသည်။

DSC_3361