ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၉) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂ ရက်)
၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၉) ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက်( ၃၀ )ဦး တက် ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) သဝဏ်လွှာတင်သွင်းခြင်း
နိုင်ငံတော်သမ္မတမှ မွန်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိ “စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန” ကို “စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန” အဖြစ် ပြင်ဆင်ဖွဲ့စည်း လိုကြောင်း သဝဏ်လွှာပေးပို့လာခြင်းအား လွှတ်တော်သို့တင်ပြခြင်း။
(ခ) နိုင်ငံတော်သမ္မတမှ မွန်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိ “စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန” ကို “စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန” အဖြစ် ပြင်ဆင်ဖွဲ့စည်း လိုကြောင်း သဝဏ်လွှာပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်း ကြေညာခြင်း။
(ဂ) သဝဏ်လွှာတင်သွင်းခြင်း
နိုင်ငံတော်သမ္မတမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အသီးသီးတွင် “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန” တစ်ခုတိုးချဲ့ဖွဲ့စည်းလိုကြောင်း သဝဏ်လွှာပေးပို့လာခြင်းအား လွှတ်တော်သို့တင်ပြခြင်း။
(ဃ) နိုင်ငံတော်သမ္မတမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အသီးသီးတွင် “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန” တစ်ခုတိုးချဲ့ဖွဲ့စည်းလိုကြောင်း သဝဏ်လွှာပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းကြေညာခြင်း။
၃။ အစည်းအဝေးကို နံနက်( ၁၀း၁၀)နာရီအချိန်တွင် ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၉) အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာပါသည်။




