4227

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးမှတ်တမ်း (၂၀၁၉ခုနှစ်၊ မေလ ၇ ရက်)

၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် ( ၂၇ )ဦး တက် ရောက်ကြပါသည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာ၍ အောက်ပါတို့ကိုဆောင်ရွက်ခဲ့သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ မေးမြန်းသော ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးမည့်စက် တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ သိရှိလိုသောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင် သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က မွန်ပြည်နယ်စည်ပင် သာယာရေးအဖွဲ့မှ ကျိုက်ထီးရိုးစေတီတော်အနီးပတ်ဝန်းကျင်ရှိ အမှိုက်များရှင်းလင်းနိုင် ရေးအတွက် တင်ဒါအဆိုပြုလွှာတင်သွင်းမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂၄/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ်(၁၀၈)အရ အတည်ပြုဖွဲ့စည်းသည့် တင်ဒါ ကော်မတီ၊ တင်ဒါလက်ခံရေးကော်မတီနှင့်စိစစ်ရေး ကော်မတီတို့မှစိစစ်ခဲ့ရာ T.M.A Recycle Co.;Ltd မှတင်ပြလုပ်ငန်းများအား အဆိုပြုတန်ဖိုး ကျပ်(၄၈၄)သန်းဖြင့် လည်း ကောင်း၊ Wong Fong Myanmar Co.;Ltd အဆိုပြုတန်ဖိုး ကျပ်(၁၂၄၃)သန်းဖြင့် လည်း ကောင်း တင်ပြထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ခွင့်ပြုရန်ပုံငွေ ကျပ်(၄၀၀)သန်းအတွင်း သင့်တင့်မျှသသောလုပ်ငန်းစဉ်ဖြင့်ဆောင်ရွက်ရန် အဆိုပြုတင်ပြလာသည့် T.M.A Recycle Co.;Ltd အား မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၈/၂၀၁၈)၊ ဆုံးဖြတ်ချက်အပိုဒ်(၆၂)အရအတည်ပြုခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့နှင့် T.M.A Recycle Co.;Ltd တို့အကြား လုပ်ငန်းသဘောတူ စာချုပ် ချုပ်ဆိုခြင်းကို မွန်ပြည်နယ်ဥပဒေချုပ်ရုံး၏စိစစ်အကြံပြုချက်နှင့်အညီ (၆.၉.၂၀၁၈) ရက်နေ့တွင် ချုပ်ဆိုခဲ့ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းတန်ဖိုး၏ (၅၀)ရာခိုင်နှုန်းဖြစ်သော ငွေကျပ်(၂၄၂)သန်းကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၆ ခုနှစ် (ဧပြီးလမှစက်တင်ဘာလ)ခွင့်ပြုရန်ပုံငွေမှ ကုမ္ပဏီသို့ပေးချေခဲ့ပြီး ကျန်(၅၀)ရာခိုင်နှုန်း ဖြစ်သော ငွေကျပ်(၂၄၂)သန်းနှင့်ပတ်သက်၍ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ ဘဏ္ဍာ ရန်ပုံငွေမှ ကုမ္ပဏီသို့ပေးချေနိုင်ရေးအတွက် နာယကအဖွဲ့များဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနနှင့် အမြဲတမ်းအတွင်းဝန် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနတို့ထံ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညှိနှိုင်းချက်အရ သဘောတူကြောင်း ပြန်ကြားလာသည့်အတွက် ကျန်ငွေအားကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ရန်ပုံငွေမှ ကုမ္ပဏီသို့ပေးချေခြင်းဖြစ်ပါကြောင်း၊ ကုမ္ပဏီ၏တင်ပြချက်အရ အရည်အသွေးစိစစ်ရေးနှင့် လက်ခံရေးကော်မတီမှ စက်ရုံတည်ဆောက်မှု၊ စက်လည်ပတ်မှု အခြေအနေတို့နှင့် ပတ်သက်၍ (၁၄.၂.၂၀၁၉)ရက်နေ့တွင် စစ်ဆေးခဲ့ပါကြောင်း၊ စစ်ဆေးချက်အရ လက်ရှိ ဆောင်ရွက်နေသည့်ပုံစံမှာ ထွက်ရှိလာသောအမှိုက်များကို ခွဲခြားသန့်စင်သည့်စနစ် အဆင့် သာဖြစ်၍ သန့်စင်ပြီးနောက်ထွက်ရှိလာသော မြေသြဇာများ၊ ပလပ်စတစ် နှင့်ဘူးခွံများကို ယာယီသိုလှောင်ထားရှိခြင်းသာ ဖြစ်သည့်အတွက် ရေရှည်တွင် အဆိုပါ ထွက်ရှိလာသည့် သန့်စင်ခွဲခြားပြီး အမှိုက်များ၏မြေသြဇာများကို ဆက်လက်ဆောင်ရွက်မည့် စနစ်များကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်သည့်အပြင် ပြန်လည်အသုံးပြု၍မရသည့် စွန့်ပစ်ပစ္စည်းများ နှင့်အညစ်အကြေးများကို ကျိုက်ထီးရိုးတောင်ပေါ်မှ သယ်ယူဖယ်ရှားရှင်းလင်းနိုင်ရေး ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စစ်ဆေးချိန်တွင် ကုမ္ပဏီမှ ဆောင်ရွက်လိုအပ်ချက်များအား ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ယခုအချိန် အမှိုက် များကို ခွဲခြားသန့်စင်သည့်လုပ်ငန်းစဉ်သည် ပုံမှန်လည်ပတ်လျက်ရှိနေပြီဖြစ်ပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် ကျိုက်ထီးရိုးဆံတော်ရှင်တောင်ပေါ်မှာရှိတဲ့ အမှိုက်ဖျက်ဆီးမည့်စက်ကို တည်ဆောက်ဖို့ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈၊ ဧပြီလမှစက်တင်ဘာလအထိ ရန်ပုံငွေဖြစ်လို့ ရေးထားကြောင်း၊ စပြီးတော့ကြေညာ ကတည်းက ကျွန်တော်တို့ကလည်း အတည်ပြုထားပြီးသားဖြစ်ပါကြောင်း၊ သန်း(၄၀၀)၊ သိန်း(၄၀၀၀)လုပ်ငန်းလည်ပတ်နေစဉ် လုပ်ငန်းစပြီးဆောင်ရွက်နေစဉ်အတွင်းမှာပဲ ပြည်နယ် အစိုးရအဖွဲ့ကနေပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၉၊ ဖေဖေါ်ဝါရီလ(၈)ရက်နေ့မှာ ဒီလုပ်ငန်း အတွက်ကို ပြည်နယ်အစိုးရအဖွဲ့က တစ်ဝက်ဖြစ်တဲ့(၂၄၂)သန်းကို ကျခံပြီးတော့ ကျန်တဲ့ တစ်ဝက်ဖြစ်တဲ့ (၂၄၂)သန်းကို ဘုရားရဲ့ဘဏ္ဍာရန်ပုံငွေထဲက သုံးစွဲကျခံပေးဖို့စာပေးပို့ လာတဲ့အပေါ်မှာ ပြည်ထောင်စုအဆင့်မှာရှိတဲ့ ပြည်ထောင်စုဝန်ကြီး(၂)ပါး၊ သူတို့က နာယကအဖွဲ့ထဲမှာပါတဲ့အတွက် သူတို့ကိုတင်ပြပြီးတော့ သူတို့ရဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်စေခဲ့တယ်လို့ ဖော်ပြပါကြောင်း၊ ဒီနေရာမှာ နာယကအဖွဲ့(၈)ယောက်ရှိပါ ကြောင်း၊ (၈)ယောက်ထဲမှာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်(၂)ယောက်နှင့် အစိုးရအဖွဲ့ကအဆိုပြုတဲ့ ကိုယ်စားလှယ်တစ်ယောက်ပါပါကြောင်း၊ ဒီနာယကအဖွဲ့တွေရဲ့ ဒီလိုဆုံးဖြတ်ချက်က နာယကရဲ့တာဝန်၊ လုပ်ပိုင်ခွင့်ပါပါကြောင်း၊ လိုအပ်လျှင် သြဝါဒစရိယအဖွဲ့တွေရဲ့ ဦးဆောင်လမ်းညွှန်မှုကိုခံယူရမယ်လို့ ဖော်ပြထားတဲ့အတွက် လက်တွေ့မှာ သြဝါဒစရိယ ဆရာတော်တွေဖြစ်တဲ့ (၁၁)ပါးသော ဆရာတော်တွေ၊ ခေါင်းဆောင်အဖွဲ့ဖြစ်တဲ့ လေသာဆရာတော် ဘဒ္ဒ န္တဦပန္တိတ ကိုယ်တိုင်ဒီကိစ္စကို အစိုးရအဖွဲ့က ဘဏ္ဍာငွေနဲ့ပဲသုံးစွဲ ဖို့ ကနဦးထဲက တင်ပြလျှောက်ထားခဲ့ပြီးတော့ အခုကျမှဘာဖြစ်လို့ ဒီလိုမျိုးဘုရားရဲ့ ဘဏ္ဍာ ရန်ပုံငွေထဲက ယူသုံးရသလဲဆိုတဲ့ကိစ္စကို သဘောမတွေ့လို့ ဝန်ကြီးချုပ်ကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့က ပေးပို့ခဲ့ပါကြောင်း၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ နာယကအဖွဲ့ရော၊ သြဝါဒစရိယအဖွဲ့ဆီမှာ သွားရောက်လမ်းညွှန်မှု ခံယူခဲ့ခြင်းမရှိဘဲနဲ့ နာယကအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခုနက တင်ပြတဲ့စာအရ တစ်ဝက်ကျခံစေဖို့အတွက် ဒီလိုမျိုးတွန်းအားပေးပြီးတော့ ဆောင်ရွက်စေခဲ့တယ်ဆိုတာ ဘယ်လိုလုပ်ပိုင်ခွင့်၊ ဘယ်လို လုပ်ထုံးလုပ်နည်းနဲ့ဆောင်ရွက်ခဲ့သလဲဆိုတာကိုမေးမြန်းရာ ဝန်ကြီးကဒီမေးခွန်းရဲ့နောက်မှာ ရည်ရွယ်ချက်တွေအများကြီးရှိပါတယ်လို့လည်းသုံးသပ်မိတဲ့အတွက် ဒီလွှတ်တော်သည် တရားစီရင်ရေးဌာနမဟုတ်တဲ့အတွက် ဒီလိုမေးခွန်းကို ကျွန်တော်စာနဲ့ပဲ (၁၀)ရက်အတွင်း ပြန်လည်ဖြေကြားခွင့်ပြုပါလို့ ပြန်လည်ဖြေကြားရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက အစိုးရဘက်မှ စာနဲ့ဖြေတယ်ဆိုတဲ့နေရာမှာ ကျွန်မတို့က ဒါက ကြယ်ပွင့်ပြမေးခွန်းဖြစ် ပါကြောင်း၊ အထူးကိစ္စရှိလို့ စာနဲ့ဖြေချင်တယ်ဆိုလို့ရှိရင်လည်း ကျွန်မတို့ကို (၁၀)ရက် အတွင်းရောက်အောင် ဖြေပေးစေလိုကြောင်း ပြောကြားပါသည်။
(၂) ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ မေးမြန်းသော ရေးမြို့နယ်ရှိကားလမ်းများကို တင်ဒါအောင်မြင်ထားသော ရွှေရည်ဝင်း ကုမ္ပဏီနှင့် MCTT ကုမ္ပဏီတို့မှ အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလို သောမေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ရန်ကုန် – မြိတ်လမ်း၊ လမိုင်းမြို့နယ်တွင် ရွှေရည်ဝိုင်းကုမ္ပဏီမှ ဆောင်ရွက်သော (1.52m x 1.52m x 12.19m) Box Culvert (၁၄)စင်းရှိပြီး ဆောင်ရွက် ပြီးတံတား(၆)စင်းနှင့်ဆောင်ရွက်ဆဲတံတား(၄)စင်းဖြစ်ပါကြောင်း၊ ကျန်ရှိသောတံတား(၄) စင်းမှာ ဇွန်လတွင်ပြီးစီးအောင်ဆောင်ရွက်သွားရန် ကြီးကြပ်သွားမည်ဖြစ်ပါကြောင်း၊ MGCT ကုမ္ပဏီမှဆောင်ရွက်(3.05m x 12.19m) Box Culvert (၄)စင်းလုံးဆောင်ရွက်ပြီးဖြစ်ပါ၍ ချဉ်းကပ်လမ်း (Backfill)ဖြည့်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကတ္တရာ ခင်းခြင်းလုပ်ငန်းအား မေလကုန်တွင်ပြီးစီးနိုင်ရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
(၃) ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ မေးမြန်းသော ပညာရေးဌာနပိုင်အဆောက်အဦများ၊ ကျောင်းများတည်ရှိနေသည့်မြေ များနှင့်ပတ်သက်၍ အမည်ပေါက်ပိုင်ဆိုင်နိုင်ရေး ၁၀၅/၁၀၆ အထောက်အထားဂရန်မြေ အဖြစ် တရားဝင်ပိုင်ဆိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က မွန်ပြည်နယ်အတွင်းရှိ ပညာရေးဌာနပိုင် အဆောက်အဦများ၊ ကျောင်းများတည်ရှိနေသည့် မြေများနှင့်ပတ်သက်၍ မော်လမြိုင်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် သထုံခရိုင်အတွင်းရှိ အခြေခံ ကျောင်းများ၏ အမည်ပေါက်ပိုင်ဆိုင်သော မြေစာရင်းပုံစံ ၁၀၅/၁၀၆ အထောက်အထား ရရှိထားသော ကျောင်းအရေအတွက် ၁၄၁၉ကျောင်း၊ ကျန်ရှိသည့်ကျောင်း(၈၂) ကျောင်း ရှိပြီး ကျန်ရှိနေသောအခြေခံပညာကျောင်းပေါင်း(၈၂)ကျောင်းကို အမည်ပေါက်ပိုင်ဆိုင် နိုင်ရန် မြေစာရင်းပုံစံ ၁၀၅/၁၀၆ အထောက်အထားရရှိရေးအတွက် မြို့နယ်ပညာရေးမှူးရုံး များမှတဆင့် ကျောင်းအုပ်ကြီးများထံသို့ ထပ်ဆင့်ညွှန်ကြားဆောင်ရွက်ပြီး ကျောင်းအုပ်ကြီး များမှသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဖြေကြားပါ သည်။ ဆက်စပ်မေးခွန်းအနေဖြင့် သထုံမြို့ရှိ အထက(၃)သည် ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည့် အထက်တန်းကျောင်းဖြစ်သည့်အတွက် အထက(၃)နှင့် ပတ်သက်သည့် မြေပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ ဝန်ကြီးက ကျောင်းအုပ်ကြီးအနေနဲ့ အခက်အခဲများကိုကျွန်တော်တို့ဆီတင်ပြပြီး ကျွန်တော် တို့က မွန်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြ၍ ဘယ်လိုဆောင်ရွက်ရမည်ဆိုတာ ကို Cabinet အစည်းအဝေးနဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ပါသည်။
(၄) ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ မေးမြန်းသော စည်ပင်ကော်မတီဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ သိရှိလိုသော မေးခွန်းနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် စည်ပင်သာယာရေးကော်မတီများ ရွေးချယ်ဖွဲ့စည်းနိုင်ရေး နှင့်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးကိစ္စများနှင့်ပတ်သက်၍ (၂၄.၈.၂၀၁၈)ရက်နေ့ တွင် ကျင်းပပြုလုပ်သော မွန်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃၂/၂၀၁၈)၊ ဆုံးဖြတ်ချက်အပိုဒ် ၇၈ အရ ပြည်နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်နေရသဖြင့် စည်ပင်သာယာရေးကော်မတီများ ရွေးချယ် ဖွဲ့စည်းခြင်းကို ခေတ္တဆိုင်းငံ့ထားပါကြောင်းနှင့် အဆိုပါစည်ပင်သာယာရေးကော်မတီများ ရွေးချယ်ဖွဲ့စည်းခြင်းကို ၂၀၁၇ခုနှစ်၊ မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် စည်ပင်သာယာရေးကော်မတီရွေးချယ်ခြင်းသည် ဥပဒေအရ လုပ်ကိုလုပ်ရမည့်ကိစ္စဖြစ်ပြီး လုပ်ရမည့်ကိစ္စသည် သက်ဆိုင်ရာဝန်ကြီး၏တာဝန်ဖြစ် ကြောင်း၊ ဥပဒေကပေးထားတဲ့တာဝန်မလုပ်လျှင် တာဝန်ပျက်ကွက်တယ်လို့ မှတ်ယူပါ ကြောင်း၊ ဒါ့ကြောင့်လုပ်မှာလား၊ မလုပ်ဘူးလားဆိုတာကို ပြတ်ပြတ်သားသားဖြေကြားပေးဖို့ မေးမြန်းရာဝန်ကြီးမှ စည်ပင်သာယာရေးကော်မတီရွေးချယ်ရေးနှင့်ပတ်သက်၍ ရန်ပုံငွေ တစ်ခုကို သုံးမယ်ဆိုလျှင် တော်တော်လေးအခက်အခဲရှိတဲ့အတွက် အစိုးရအဖွဲ့ကိုတင်ပြပြီး အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အစိုးရအဖွဲ့သို့ပြန်လည် တင်ပြပြီး စည်ပင်သာယာရေးကော်မတီများ ရွေးချယ်ဖွဲ့စည်းခြင်းကို ၂၀၁၇ခုနှစ်၊ မွန်ပြည် နယ်စည်ပင်သာယာရေးဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
(ခ) ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းသော မော်လမြိုင် – သံဖြူဇရပ်(BOT)လမ်းပိုင်းအား အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတို့မှ စိစစ်သုံးသပ်၍ အချိန်မီပြုပြင်ပေးရန် တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်မရော မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါ်မြသိင်္ဂ ီမော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါက်တာခင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တို့မှ ထောက်ခံဆွေးနွေးခြင်း၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြခြင်းနှင့် အဆိုရှင်မှဆွေးနွေးခြင်း၊
(ဂ) ဦးအောင်ကျော်သူ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းသော မော်လမြိုင် – သံဖြူဇရပ်(BOT)လမ်းပိုင်းအား အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတို့မှ စိစစ်သုံးသပ်၍ အချိန်မီပြုပြင်ပေးရန် တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှအတည်ပြုခြင်း၊
(ဃ) စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် မှ တင်ပြသော မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်-၈၄၃၊ ၁၂၂၀/ဘဲရမ်းအရှေ့ကွင်း၊ ဦးပိုင်အမှတ်- ၈/၃၊ ၉၊ ၁၀/၂၊ N ၇၄ ရှိ ဆီအုန်းခြံမြေ (၁၀.၃၅)ဧကတွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Asia Business Synergy Public Co.;Ltd တို့အကြား ဆောင်ရွက်မည့်ဘတ်စုံသုံးအဝေးပြေးယာဉ်ရပ်နားစခန်း နှင့်လူမှုရေးစင်တာတည်ဆောက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်၁။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဆောင်ရွက်ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် ( ၂၇ )ဦး တက် ရောက်ကြပါသည်။

(ဃ) စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် မှ တင်ပြသော မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်-၈၄၃၊ ၁၂၂၀/ဘဲရမ်းအရှေ့ကွင်း၊ ဦးပိုင်အမှတ်- ၈/၃၊ ၉၊ ၁၀/၂၊ N ၇၄ ရှိ ဆီအုန်းခြံမြေ (၁၀.၃၅)ဧကတွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Asia Business Synergy Public Co.;Ltd တို့အကြား ဆောင်ရွက်မည့်ဘတ်စုံသုံးအဝေးပြေးယာဉ်ရပ်နားစခန်း နှင့်လူမှုရေးစင်တာတည်ဆောက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးဇော်ဇော်ထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နှင့် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးတို့မှဆွေးနွေးခြင်း၊
(င) စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် မှ တင်ပြသော မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်-၈၄၃၊ ၁၂၂၀/ဘဲရမ်းအရှေ့ကွင်း၊ ဦးပိုင်အမှတ်- ၈/၃၊ ၉၊ ၁၀/၂၊ N ၇၄ ရှိ ဆီအုန်းခြံမြေ (၁၀.၃၅)ဧကတွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Asia Business Synergy Public Co.;Ltd တို့အကြား ဆောင်ရွက်မည့်ဘတ်စုံသုံးအဝေးပြေးယာဉ်ရပ်နားစခန်း နှင့်လူမှုရေးစင်တာတည်ဆောက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်မှ အတည်ပြု ခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း၊
(စ) မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ အစီရင်ခံစာကို လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ပါကြောင်းနှင့် ပြည်နယ် အစိုးရအဖွဲ့မှဆောင်ရွက်နိုင်ရန်ပေးပို့သွားမည်ဖြစ်ပါကြောင်း ကြေညာခြင်း၊
(ဆ) မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌဦးထွန်းမင်းအောင်မှ ကော်မတီ၏ ဆောင်ရွက်ချက်အစီရင်ခံစာတင်ပြခြင်းနှင့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလို သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ထံတွင် (၇.၅.၂၀၁၉)ရက် (အင်္ဂါနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်း နိုင်ကြောင်းကြေညာခြင်း၊
(ဇ) မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေများ(မူကြမ်း)ကို ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌဒေါ်ခိုင်ခိုင်လဲ့မှ တင်ပြခြင်း၊ နည်းဥပဒေများ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် (၇.၅.၂၀၁၉)ရက် (အင်္ဂါနေ့) ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊
၃။ အစည်းအဝေးကို နေ့လည် (၁၂ း ၂၅) နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကျင်းပမည့်ရက်ကို (၉.၅.၂၀၁၉)ရက် (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ပါမည်။
လွှတ်တော်ကိုယ်စားလှယ်၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နှင့် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးတို့မှဆွေးနွေးခြင်း၊