8247

မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၇-၈-၂၀၂၆)ရက်၊(သောကြာနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ် ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌအပါအဝင် ကော်မတီဝင် (၁၁)ဦးတို့ တက်ရောက်ခဲ့ပါ သည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုနှင့် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းနှင့်ပတ်သက်ပြီး နောင်လာမည့် ဘတ်ဂျက်ကာလတွင် ပဒေနှင့်အညီ လွှတ်တော်သို့ ကြိုတင်တင်ပြနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၇-၈-၂၀၂၆)ရက်၊ နေ့လည်(၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။