| ပညာအရည်အချင်း |
M.B.B.S (Ygn) |
| ရွေးကောက်ခံရသည့်လွှတ်တော်/ မဲဆန္ဒနယ် |
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်/ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) |
| ပါတီအမည် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| အဘအမည် |
ဦးကျော်ဇံ(ကွယ်လွန်) |
| လွှတ်တော်အမတ်အဖြစ်စတင်ထမ်းဆောင်သည့်နေ့ရက် |
(၈.၂.၂၀၁၆) |
| လိပ်စာ |
၁/၁၁၅၊ ဘူတာလမ်း၊ တောင်သူစုရပ်၊ ကျိုက်ထိုမြို့၊ မွန်ပြည်နယ် |
| ကိုယ်ရေးအကျဉ်း |
မူလတန်းပညာကို အထက(၁)၊သင်္ဘောဦးရပ်၊မုဒုံမြို့တွင်လည်းကောင်း အလယ်တန်း ပညာကို အထက သီပေါတွင်လည်းကောင်း၊ အထက်တန်းပညာကို အထက သံဖြူဇရပ်တွင် လည်းကောင်း သင်ကြားခဲ့ပြီး၊ ဆေးတက္ကသိုလ် (၂) မင်္ဂလာဒုံတွင် ဆရာဝန်ဘွဲ့ကိုရရှိခဲ့ ပါသည်။အလုပ်အကိုင်အနေဖြင့် မုဒုံမြို့ လမ်းမကြီးရပ်တွင် ပြင်ပဆရာဝန်အဖြစ်လည်းကောင်း၊ ကျိုက်ထိုမြို့၊ တောင်သူရပ်ကွက်တွင် ပြင်ပဆရာဝန်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။နိုင်ငံရေး/လူမှုရေးလုပ်ငန်းများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲအနိုင် ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ (၂၀၀၈မှ၂၀၁၀) တွင် ခွေးရူးပြန်ရောဂါကုသရေးကို အခမဲ့ဆောင်ရွက်ပေးခဲ့ပါသည်။ ပြစ်မှု/ပြစ်ဒဏ်အနေဖြင့် ပုဒ်မ ၆(၁) နှင့် ပြစ်ဒဏ် (၅) နှစ်ကျခံခဲ့ဖူးပါသည်။ |
ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)