| ယခင်အလုပ်အကိုင် |
အထည်ရောင်း |
| ရွေးကောက်ခံရသည့်လွှတ်တော်/ မဲဆန္ဒနယ် |
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်/ ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) |
| ပါတီအမည် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| အဘအမည် |
ဦးအောင်စိန်(ကွယ်လွန်) |
| လွှတ်တော်အမတ်အဖြစ်စတင်ထမ်းဆောင်သည့်နေ့ရက် |
(၈.၂.၂၀၁၆) |
| လိပ်စာ |
အမှတ်(၃၈)၊ ဗညားနွဲ့လမ်း၊ ရှင်စောပုရပ်ကွက်(၃)၊ ကျိုက်မရောမြို့ |
| ကိုယ်ရေးအကျဉ်း |
ပညာသင်ကြားမှုနှင့်ပတ်သက်ပြီး သူငယ်တန်းမှ စတုတ္ထတန်းထိ အ.မ.က (၁)၊ ကျိုက်မရောမြို့တွင်လည်းကောင်း၊ ပဥ္စမတန်းမှ ဒဿမတန်းထိ အ.ထ.က (ကျိုက်မရောမြို့)တွင် ပညာသင်ကြားခဲ့ပြီး ၁၉၇၇ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မော်လမြိုင်မြို့ TTC တွင်လည်းကောင်း၊ ၁၉၇၈ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ ရန်ကုန်တက္ကသိုလ်စာပေးစာယူသင်တန်း တွင်လည်းကောင်း ဘွဲ့ရရှိခဲ့ပါသည်။ အလုပ်အကိုင်အနေဖြင့် ၁၉၇၈ ခုနှစ်မှ ၁၉၈၁ ခုနှစ်ထိ အ.မ.က (နိတုံ) တွင်မူလတန်းပြအဖြစ် လည်ကောင်း၊ ၁၉၈၁ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ အ.မ.က -၂ (ကျိုက်မရော)တွင် မူလတန်းပြ အဖြစ်လည်းကောင်း၊ ၁၉၈၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိ အ.ထ.က (ကျိုက်မရော)တွင် အလယ်တန်းပြ အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။ နိုင်ငံရေး/လူမှုရေးဆောင်ရွက်မှုအနေဖြင့် ၁၉၈၈ ခုနှစ် ၊ ဒီမိုကရေစီလှုပ်ရှားမှုတွင် ကျောင်းသူ/သားများ၏ရှေ့မှ ဦးဆောင်ရပ်တည်ပါဝင်ခဲ့၍ ၁၉၈၉ ခုနှစ် အလုပ်မှရပ်စဲခံရသည်။ ပြစ်မှု/ ပြစ်ဒဏ်အနေဖြင့် ကျခံခဲ့ဖူးခြင်းမရှိပါ။ |
ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)