| ယခင်အလုပ်အကိုင် |
ကမ္ဘာလှည့်ခရီးသွားဧည့်လမ်းညွှန်၊ ခရီးသွားလုပ်ငန်းအကြံပေး |
| ပညာအရည်အချင်း |
B.Sc(Maths), Diploma in Hotels & Tourism English ; Fellow; Deboer Fellowship for Leadership Programs(Kansas, USA) |
| ရွေးကောက်ခံရသည့်လွှတ်တော်/ မဲဆန္ဒနယ် |
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်/ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) |
| ပါတီအမည် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| လွှတ်တော်အမတ်အဖြစ်စတင်ထမ်းဆောင်သည့်နေ့ရက် |
(၈.၂.၂၀၁၆) |
| လိပ်စာ |
ဒရယ်ကျေးရွာ(အလယ်ပိုင်း) ချောင်းဆုံမြို့နယ်၊ မွန်ပြည်နယ် |
| ကိုယ်ရေးအကျဉ်း |
ပညာသင်ကြားမှုနှင့်ပက်သက်ပြီး မူလတန်းပညာကို အ.မ.က ဒရယ်ရွာတွင်လည်းကောင်း၊ အလယ်တန်းပညာကို တွဲဖက် အ.လ.က ဒရယ်ရွာတွင်လည်းကောင်း၊ အထက်တန်းပညာကို အ.ထ.က မုဒွန်းရွာတွင်လည်းကောင်း၊ မော်လမြိုင်တက္ကသိုလ်တွင် အဝေးသင်တက်ရောက်ခဲ့ပါသည်။ လုပ်ကိုင်ခဲ့သည့်လုပ်ငန်းများအနေဖြင့် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလမှ ၁၉၉၄ ခုနှစ်ထိ မော်လမြိုင်မြို့အောင်ဇေယျဆန်စက်တွင် စာရေးအဖြစ်လည်းကောင်း၊၁၉၉၄ခုနှစ်၊ ဇူလိုင်လမှ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလထိ မော်လမြိုင်မြို့ ဦးမျိုးမြင့်ဆေးနှင့်အလှကုန်ဆိုင်တွင် စာရေးအဖြစ် လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်ထိ လေညှင်းသာတည်းခိုခန်းတွင် မန်နေဂျာအဖြစ် လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ၂၀၀၅ ခုနှစ်ထိ King Practical English Speaking Class တည်ထောင်သူနှင့်သင်တန်းကျောင်းဆရာအဖြစ်လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ယနေ့အထိ (Tourist Guide : English) အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းအကြံပေးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။ နိုင်ငံရေး/လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်အနေဖြင့် ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းဒဏ်ခံရ သော ဒေသများအနက်မှ ကွမ်းခြံကုန်းနှင့် ဒေးဒရဲမြို့နယ်များသို့ အဝတ်အစား၊ ငွေနှင့် ကျောင်းသား/ သူများအတွက် စာရေးကိရိယာများလှူဒါန်းခဲ့ပါသည်။၂၀၁၁ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေးရွာရှိ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်အား အခြေခံအင်္ဂလိပ်စကားပြောသင်တန်းများ အခမဲ့ သင်ကြားနိုင်ရေးအတွက် ဦးဆောင်ဦးရွက်ပြု သင်ကြားခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှ ယနေ့ထိ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာရှိ တိုင်းရင်းသားလူငယ်ဖွံဖြိုးရေး ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/သူ ၃၀၀ကျော်၏ ပညာသင်ကြားရေး၊ နေထိုင်ရေး၊ စားရေးတို့အတွက် အစဉ်မပြတ်ထောက်ပံ့ကူညီပြီး အကြံပေးသူအဖြစ် ဆောင်ရွက်ဆဲ ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်၊ ဇွန်လမှ ယနေ့အထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတော ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အလယ်တန်းကျောင်းရှိ ကျောင်းသား/သူ ၃၀၀ ကျော်၏ ပညာသင်ကြားရေး၊ နေထိုင်ရေး၊ စားရေးတို့တွင် ထောက်ပံ့ကူညီပြီး အကြံပေးအဖြစ် ဆောင်ရွက်ဆဲဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့ထိ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ (ပေါက်တောကျေးရွာအုပ်စု) အောင်ဗောဓိမင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ကျောင်းသား/သူ ၁၀၀ ကျော်၏ ပညာသင်ကြားနိုင်ရေးအတွက် အစဉ်အမြဲ ထောက်ပံ့ ပေးနေသည့်အပြင် ဦးဆောင်ဦးရွက်ပြုကာ ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိပါသည်။ ပြစ်မှု/ ပြစ်ဒဏ်အနေဖြင့် ကျခံခဲ့ဖူးခြင်းမရှိပါ။ |
ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)