စည်ပင်သာယာရေးဥပဒေဆွေးနွေးခြင်း
၁၁.၈.၂၀၁၆ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းထားသည့် မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေအား ပြင်ဆင်/အသစ်ရေးဆွဲရန်ကိစ္စနှင့ျ ပတ်သက်၍ အခန်းတစ်ခန်းစီအလိုက် ချပြရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ သဘောဆန္ဒများ ရယူဆောင်ရွက်သည့် ဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လျှပ်စစ်၊စွမ်းအင်နှင့်စက်မှု ဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့်ပြည်နယ်ဥပဒေအရာရှိများ၊ ပြည်နယ်/မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များ၊ စည်ပင်သာယာရေးအဖွဲ့တို့မှ အမှုဆောင် အရာရှိများ တက်ရောက်ကြပါသည်။






