1919

တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၅.၅.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ အစည်းအဝေး ကျင်းပပြုလုပ်ကြပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌဦးထွန်းမင်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၆)တွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှတင်သွင်း ခဲ့ပြီး လွှတ်တော်မှအတည်ပြုခဲ့သော တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စရပ်များထိရောက်အောင်မြင်စေရေးအတွက် တိုက်တွန်းကြောင်းအဆို တွင်ပါဝင်သော အချက်(၁၁)ချက်တို့နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြပါသည်။