1070

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၆) (ပထမနေ့) ဆောင်ရွက်ပြီးစီးမှုသတင်း

 

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၆) (ပထမနေ့)ကို (၂-၆-၂၀၁၆)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးရှိသည့်အနက် (၃၁)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်မှ မိန့်ခွန်းမြွက်ကြားခြင်းနှင့်မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် မေးခွန်း(၉)ခု မေးမြန်းခြင်း၊ အဆို(၅)ခု တင်သွင်းခြင်းအား ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံတွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ အတွင်းရေးမှူးအစားထိုးလဲလှယ်ရေးကိစ္စ တင်ပြခြင်းနှင့်သဘောတူအတည်ပြုကြောင်း ကြေညာခြင်း၊ ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ အတွင်းရေးမှူး အစားထိုးလဲလှယ်ရေးကိစ္စတင်ပြခြင်းနှင့်သဘောတူအတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ လေ့လာသူအဖြစ် (၅၆)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးကို (၁၃း၁၅)နာရီအချိန်တွင် ကျင်းပ ပြီးစီးပါသည်။

20160602_124821  20160602_100947 20160602_095709