604

ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သော ယဉ်ကျေးမှုကိစ္စ၊ မွန်စာပေသင်ကြားရေးကိစ္စ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကိစ္စနှင့် ပတ်သက်သည့် အဆိုများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား သုံးသပ်ဆွေးနွေးခြင်း

၁၀-၈-၂၀၁၅ ရက်နေ့ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ကျင်းပသောရေးရာကော်မတီ များပူးပေါင်းအစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံး၊ ရှေးဟောင်းသုတေသနနှင့်ယဉ်ကျေးမှု ပြတိုက်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများဖိတ်ကြားတက်ရောက်ကြပါသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်ဇာတ်ရုံများကြီးကြပ်ရေးဆိုင်ရာဥပဒေ၊ မွန်ပြည်နယ်ယဉ်ကျေးမှု အမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးဥပဒေများ ပြဋ္ဌာန်းချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုများနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ မှတ်တမ်းတင် ထိန်းသိမ်းစောင့်ရှောက်ရေး တိုက်တွန်ကြောင်းအဆို၊ မွန်စာပေသင်ကြားရေးနှင့်ပတ်သက်၍ တိုက်တွန်း ကြောင်းအဆို၊ မွန်ပြည်နယ်ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်ရေးအဆို၊ မွန်စာပေကိုမူလတန်းအဆင့်၌ ကျောင်းစာသင်ချိန်အတွင်း သင်ကြားခွင့်ပြုသင့်ကြောင်း အဆို၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုသုခုမ ဂီတပညာသင်ကျောင်း တည်ဆောက်ပေးနိုင်ရေး တိုက်တွန်းကြောင်းအဆို၊ မွန်အမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရေးအဆိုနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲဆောင်ရွက်ရန် ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုများနှင့်ပတ်သက်၍ ဆောင်ရွက်မှုများ၊ မွန်ပြည်နယ်ကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

IMG_4393