ပြည်နယ်လွှတ်တော်မဟာဗျူဟာ အစီအစဉ်ရေးဆွဲခြင်းနှင့် လွှတ်တော်ကော်မတီထိန်းညှိခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် မွန်ပြည်နယ်လွှတ်တော်တို့ပူးပေါင်း၈ျ် လွှတ်တော် လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ပါသည်။ ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေ၊ ဒုတိယဥက္ကဋ္ဌ ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးနှင့် အရာရှိများ တက်ရောက်ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေနှင့် UNDP မှ စီမံကိန်းအရာရှိ Mr. Phillipp Annawitt တို့မှအဖွင့်အမှာစကားပြောကြားပြီး လွှတ်တော်စီမံကိန်းအတိုင်ပင်ခံ Ms. Pauline Ng မှ မဟာဗျူဟာစီမံကိန်းအစီအစဉ်အား မိတ်ဆက်ခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ် များကသုံးသပ်အကြံပြု ခြင်းများဆောင်ရွက်ပါသည်။ လွှတ်တော်စီမံကိန်းအတိုင်ပင်ခံ Mr. Robert Oakeshott မှ ကော်မတီ ထိန်းညှိခြင်းလုပ်ငန်းများအား ဆွေးနွေးခြင်းနှင့် သရုပ်ပြအစီအစဉ်အား လွှတ်တော် ကိုယ်စားလှယ်များ၊ ရုံးအဖွဲ့များအား လက်တွေ့ဆောင်ရွက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ပြီး မွန်ပြည်နယ်လွှတ်တော်၏ မဟာဗျူဟာစီမံကိန်း Strategic Plan (မူကြမ်း) ရေးဆွဲပါသည်။



