မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်း (မူကြမ်း – ၄) အား အကြံပြုဆွေးနွေးပွဲ
(၂၈-၁၂-၂၀၁၆)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်းအစည်းအဝေးသို့ YANGON WATCH နှင့်မွန်ပြည်နယ်လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များမှ လာရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ YANGON WATCH နှင့်မွန်ပြည်နယ်လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များက စည်ပင်သာယာရေးဥပဒေနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို (၁၆း၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးပါသည်။



