မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၄-၁၁-၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ပါ သည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များနှင် ့ကရင်စာပေယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတက်ရောက်လာသူများမှကရင်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီနှင့် သွားရောက်တွေ့ဆုံရန်ကိစ္စ ဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၄-၁၁-၂၀၁၉)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


