မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၇.၈.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ UNDPမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ မွန်ပြည်နယ်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များနှင့်လုပ်ငန်းစဉ်များအပေါ် လေ့လာစိစစ်သုံးသပ်မှု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျင်းပပြုလုပ်မည့်ပြည်သူ့အသံကြားနာပွဲလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြပါသည်။
အစည်းအဝေးကို (၂၇.၈.၂၀၁၉)ရက်နေ့၊ မွန်းလွဲ( ၁၂း၃၀ )နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


