မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၄.၁၂.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင်
ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ နှင့်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင်မွန် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရ အဖွဲ့၏အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၏(၅)နှစ်တာဆောင်ရွက်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို( ၄.၁၂.၂၀၂၀)ရက်နေ့၊ မွန်းလွဲ ( ၁၅ း ၃၀ )နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



