3510

မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၆.၆.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီခန်းမတွင် မွန်ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ နှင့် မွန်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များ တက်ရောက်ကြပါ သည်။

အစည်းအဝေးတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကြာအင်းဆိပ်ကြီးကျေးရွာရှိအိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးကြပါသည်။ အစည်းအဝေးကို (၂၆-၆-၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် ရပ်နားပါသည်။