5467

မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၁၇.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင်
ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ အစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုး ၊မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ  ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်  (၁၃)ကြိမ်၊ (၁၄)ကြိမ်၊အထူးအစည်းအဝေး(၁/၂၀၁၉)၊(၁၅)ကြိမ်၊(၁၆)ကြိမ်ပုံမှန်အစည်းအဝေး  များတွင် မေးမြန်း ခဲ့သောမေးခွန်းများနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ထားရှိမှုအခြေအနေများအား  ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

 

အစည်းအဝေးကို (၁၇.၇.၂၀၂၀)ရက်နေ့၊ မွန်းလွဲ ( ၁၅ း ၃၅  )နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။