4693

မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၂-၈-၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီ ခန်းမတွင် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များမှ တက်ရောက်ကြပါသည်။

အစည်းအဝေးတက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင်ကြည့်ရေးကော်မတီ၏ Starhigh Asia Pacific Pte.,Ltd မှ သံလွင်မြစ်အတွင်း သဲစုပ်သည့်လုပ်ငန်းဆောင်ရွက်နေမှုအပေါ် လေ့လာဆန်းစစ်ချက် ကနဦးအစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။

အစည်းအဝေးကို (၂၂-၈-၂၀၁၉)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရပ်နားကြပါသည်။