မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၈.၇.၂၀၁၉)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ မော်လမြိုင်ဆိပ်ကမ်းသောင်တူး လုပ်ငန်းကြီးကြပ်ရေးဆပ်ကော်မတီတွင်ပါဝင်သည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ Starhigh Asia PAcific Pte.,Ltd မှ မွန်ပြည်နယ်အတွင်းရှိ သံလွင်မြစ်ကြောင်းတစ်လျှောက်သဲတူးသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၁၈.၇.၂၀၁၉)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


