မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၉.၃.၂၀၂၀)ရက်နေ့၊ နေ့လည်(၁၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်၊ ရေးရာကော်မတီခန်းမ တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအခြေအနေနှင့် သဘာ၀ ဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအခြေအနေများအား လေ့လာသုံးသပ်ခြင်းအစီရင်ခံစာ တင်ပြနိုင်ရေး အတွက် ဌာနများမှ တောင်းခံထားသော အချက်အလက်များအနက် ပေးပို့လာသော ဌာန(၂)ခု၏ တင်ပြချက် များနှင့်ဘီးလင်းမြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအစီရင်ခံစာအား လွှတ်တော်သို့တင်ပြနိုင်ရေး ဆွေးနွေး ခဲ့ကြပြီး နောက်တစ်ကြိမ်အစည်းအဝေးကို (၂၆.၃.၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ရန် ဆွေးနွေးဆုံးဖြတ် ခဲ့ကြပါသည်။
အစည်းအဝေးကို (၁၉.၃.၂၀၂၀)ရက်နေ့၊ နေ့လည် (၁၂း၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


