မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၆.၇.၂၀၁၇) ရက်နေ့၊ နံနက် (၁၂း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီအစည်းအဝေးခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး သို့ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ရေးမြို့မြစ်၊ သဲ၊ ကျောက်လုပ်ငန်းတောင်ပြို၍ မြေတူးရောင်းချနေမှုနှင့်ဘီးလင်းမြို့နယ်အတွင်း ကေလာသသဘာဝနယ်မြေရှိပိတ်သိမ်း ပြီးကျောက်မိုင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်မှုအစီရင်ခံစာအားအတည်ပြု၍ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ရေးဆွေးနွေးခဲ့ပါသည်။


