မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၁-၈-၂၀၁၉)ရက်နေ့၊
နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင်
မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ
အစည်းအဝေးကို
ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ
အုပ်ချုပ် ရေးဦးစီးဌာန၊ မုဒုံမြို့နယ်၊ ပေါင်မြို့နယ်တို့မှ တက်ရောက်ကြပါသည်။
အစည်းအဝေးတက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီမှ ပေါင်မြို့နယ်နှင့်မုဒုံမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် အသိပညာ ပေးပောာပြောပွဲပြုလုပ်ရန် ကွင်းဆင်းဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွးကြပါသည်။ အစည်းအဝေးကို (၂၁-၈-၂၀၁၉)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် ရပ်နားကြပါသည်။


