မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၇.၇.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်မွန်ပြည်နယ်လွှ တ်တော် ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူ (၃)ဦးတို့မှ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေအား ပြင်ဆင်ရေးဆွဲနိုင်ရေးညှိနှိုင်းရေးဆွဲခဲ့ကြပါသည်။
အစည်းအဝေးကို (၁၇.၇၇.၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၃း၁၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


