2599

မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၇.၁၁.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ တိုင်ကြားစာဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြ ပါသည်။

အစည်းအဝေးကို (၈.၁၁.၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။