မွန်ပြည်နယ်လွှတ်တော်ရုံးတွင်အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်
မွန်ပြည်နယ်လွှတ်တော်နှင့် CUSO International အဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်နယ်လွှတ်တော်ရုံးတွင် CUSO International အဖွဲ့မှ အင်္ဂလိပ် စာသင်တန်းလာရောက်သင်ကြားဖွင့်လှစ်ပေးလျှက်ရှိပါ သည်။
အဆိုပါသင်တန်းအား CUSO International အဖွဲ့မှ စေတနာ့ဝန်ထမ်း ဆရာဦးခင်ဇော်မှအင်္ဂလိပ်စာ ဘာသာစကားသင်ကြားပေးမည်ဖြစ်ပြီး သင်တန်း ကာလကို တစ်နှစ်တာ (၂၄.၅.၂၀၁၇) မှ (၆.၅.၂၀၁၈) ရက်နေ့အထိသတ်မှတ်၍ သင်ကြားပေးသွားမည် ဖြစ်ပါသည်။ သင်တန်းသို့ မွန်ပြည်နယ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။


