မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၂.၄.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ အစည်းအဝေးအား အောက်ပါအစီအစဉ် တို့ဖြင့် ကျင်းပပြုလုပ်ပါသည်။
အစီအစဉ်(၁) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ်(၂) တိုင်ကြားစာအမှုတွဲကိစ္စရပ်များဆွေးနွေးခြင်း၊
အစီအစဉ်(၃) ရေးရာကော်မတီအသီးသီးမှဆွေးနွေးတင်ပြခြင်း၊
(က) ဥပဒေပြုရေးဆိုင်ရာကော်မတီ၊
အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ
ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ခ) တိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ဂ) တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်
ရေးကော်မတီ၊
ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး
ဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှ
ဆွေးနွေးတင်ပြခြင်း၊
(ဃ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီနှင့်
ပြည်နယ်အစိုးရအဖွဲ့၏
အာမခံချက်၊ ကတိများနှင့်
တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး
တင်ပြခြင်း၊
အစီအစဉ်(၄) ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြခြင်း၊
အစီအစဉ်(၅) အထွေထွေဆွေးနွေးခြင်း၊
အစီအစဉ်(၆) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း၊
အစီအစဉ်(၇) လုပ်ငန်းညှိနှိုင်းအစည်းအဝေးရပ်နားခြင်း။ e



