မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိ၏ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း
၁.၂.၂၀၁၇(ဗုဒ္ဓဟူးနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် နှစ်ပတ်လည်နေ့အခမ်း အနားကို မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ကျင်းပပြုလုပ် သည်။အဆိုပါအခမ်းအနားသို့မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်လွှတ်တော်ရုံးအဖွဲ့များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် မိန့်ခွန်းပြောကြားပြီး မွန်ပြည်နယ် လွှတ်တော်ရေးရာ ကော်မတီများမှ ကော်မတီများ၏ လုပ်ငန်းဆောင် ရွက်ခြင်းအခြေအနေကိုတင်ပြကြပါသည်။ နိုင်ငံရေးပါတီနှင့် သတင်းမီဒီ ယာများမှ ဆွေးနွေးတင်ပြကြသည်။ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
၂.၂.၂၀၁၇(ကြာသပတေးနေ့) (၀၈း၀၀) နာရီအချိန် ပေါင်မြို့နယ်သို့သွားရောက်၍ ကျွဲခြံကျေးရွာနှင့် အလှပ်ကျေးရွာ လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။
၃.၂.၂၀၁၇(သောကြာနေ့) ရုံးတက်ရောက်ပါသည်။ ပြည်နယ်လွှတ်တော်ရုံးဝင်း၌ ဆောက်လုပ်နေ သော ဝန်ထမ်းအိမ်ရာ လေးထပ်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု့စစ်ဆေးပါသည်။
၄.၂.၂၀၁၇(စနေနေ့) (၀၈း၀၀)နာရီအချိန် မော်လမြိုင်မြို့နယ် ရှေ့နေများအသင်း နွေရာသီ တရားရေးရာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
၅.၂.၂၀၁၇(တနင်္ဂနွေနေ့) (၁၁း၀၀)နာရီအချိန် မွန်ပြည်နယ် အမျိုးသားလွှတ်တော် မော်လမြိုင် မြို့နယ် ကိုယ်စားလှယ်ဦးအေးမင်းဟန်၏ မင်္ဂလာဧည့်ခံပွဲသို့တက်ရောက် ခဲ့ပါသည်။
၆.၂.၂၀၁၇(တနင်္လာနေ့) (၁၀း၀၀)နာရီအချိန်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရုံးခန်းတွင်မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပါသည်။
၇.၂.၂၀၁၇(အင်္ဂါနေ့) ရုံးတက်ရောက်ပါသည်။ (၁၀း၀၀)နာရီအချိန်တွင် ပြည်နယ်တိုင်ကြားစာ ကော်မတီသည် အမှတ်(၁၀) အ.ထ.က ကျောင်းမှ ဆရာမတစ်ဦးအား တိုင်ကြားစာနှင့်ပတ်သက်၍ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်ပါသည်။
၈.၂.၂၀၁၇(ဗုဒ္ဓဟူးနေ့) ရုံးတက်ရောက်ပါသည်။
၉.၂.၂၀၁၇(ကြာသပတေးနေ့) (၀၉း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များလာရောက် လေ့လာသည့် အခမ်းအနားကို မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲ ခန်းမတွင်ပြုလုပ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များမှ မိတ်ဆက်ကြ
ပြီး မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ မိတ်ဆက်စကားပြောကြားပါသည်။ မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီအလိုက် လုပ်ငန်းဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြပါသည်။ ကိုယ်စားလှယ်များမှလုပ်ငန်း ဆောင်ရွက်ခြင်းအခြေအနေများကို ဆွေးနွေးတင်ပြပါသည်။ ၎င်းနောက် ကျိုက်မရောမြို့ ရှင်စောပုဘုရားဖူးပို့ဆောင်ပြီး နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။
၁၀.၂.၂၀၁၇(သောကြာနေ့) (၁၀း၀၀)နာရီအချိန် မော်လမြိုင်မြို့ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနလူငယ် သင်တန်းကျောင်း၌ကျင်းပပြုလုပ်သောအထူးစောင့်ရှောက်မှုလိုအပ်သော ကလေးများအတွက် လေ့ကျင့်သင်ကြားရေးကျောင်း ဆောက်လုပ်ရန် အလှူငွေပေးအပ်ပွဲနှင့် ပန္နက်တင်အခမ်းအနားကို တက်ရောက်ပါသည်။ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ချီးမြှင့်ပါသည်။ အဆိုပါအခမ်းအနားတွင် အလှူငွေများ လှူဒါန်းခြင်းနှင့် ပန္နက်တင်အခမ်းအနားကို ဆက်လက်တက်ရောက်ပါ သည်။
၁၁.၂.၂၀၁၇(စနေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၁၂.၂.၂၀၁၇(တနင်္ဂနွေနေ့) (၀၆း၃၀) နာရီအချိန် မော်လမြိုင်မြို့မောရဝတီပန်းခြံ၌ ကျင်းပပြုလုပ် သော (၇၀) ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနား အလံတော်အလေးပြုခြင်းနှင့် နိုင်ငံတော်သမ္မတ၏သဝဏ်လွှာဖတ်ကြား သည့် အခမ်းအနားသို့တက်ရောက်ပါသည်။ ၎င်းနောက် ကျိုက်မရောမြို့ သို့သွားရောက်ပြီး ကျိုက်မရောဘုရားကြီးဝင်း၌ ကျင်းပပြုလုပ်သော အကြိမ်(၇၀)မြောက် မွန်အမျိုးသားနေ့ကျင်းပရေးအဖွဲ့ (ဗဟို) အခမ်း အနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်ပါသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ မိန့်ခွန်းပြောကြားပါသည်။ (၀၈း၃၀) နာရီအချိန် တွင် မော်လမြိုင်မြို့တောင်ဝိုင်းဘိုးဘွားရိပ်သာနှစ်ပတ်လည်အခမ်းအနား သို့တက်ရောက်ပါသည်။ အဆိုပါအခမ်းအနားတွင် အဘိုးအဘွား (၅၀)ဦး တို့ကိုကန်တော့ပြီး လှူဖွယ်ပစ္စည်းများ လှူဒါန်းကြသည်။ ဆက်လက်၍ မော်လမြိုင်တက္ကသိုလ်သို့သွားရောက်ပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအခမ်းအနားသို့တက်ရောက်အားပေးချီးမြှင့်ပါသည်။ (၁၈း၀၀) နာရီအချိန် မော်လမြိုင်မြို့ ကမ်းနားလမ်း Strand Hotel ၌ကျင်းပပြုလုပ် သော မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပ ပြုလုပ်သော ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ပါသည်။
၁၃.၂.၂၀၁၇(တနင်္လာနေ့) ရုံးတက်ရောက်ပါသည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေပြင်ဆင်သည့်အတွက် မွန်ပြည်နယ်လွှတ်တော် ဥပဒေရေးရာကော်မတီအစည်းအဝေး ပြုလုပ်သည်။
၁၄.၂.၂၀၁၇(အင်္ဂါနေ့) (၁၀း၀၀)နာရီအချိန် UMGCo.Ltdမှ တာဝန်ခံပုဂ္ဂိုလ်များသည် မော်လမြိုင် မြို့၊ မြို့ပြဖွံ့ဖြိုးရေးအတွက် အဝေးပြေးဂိတ်၊ ယာဉ်ရပ်နားစခန်း၊ ရေလွှာ
ကစားကွင်းဆောင်ရွက်ရန်တွက် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များကိုလာရောက် တွေ့ဆုံဆွေးနွေးတင်ပြကြပါသည်။
၁၅.၂.၂၀၁၇(ဗုဒ္ဓဟူးနေ့) (၁၀းး၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးကိုယ်စားလှယ်များညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပါသည်။
၁၆.၂.၂၀၁၇(ကြာသပတေးနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အတွင်း မြေခွန်များကောက်ခံရေးအတွက် မွန်ပြည်နယ် လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ပြည်နယ်အခွန်ဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။
၁၇.၂.၂၀၁၇(သောကြာနေ့) ရုံးတက်ရောက်ပါသည်။
၁၈.၂.၂၀၁၇(စနေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၁၉.၂.၂၀၁၇(တနင်္ဂနွေနေ့) ရုံပိတ်ရက်ဖြစ်ပါသည်။
၂၀.၂.၂၀၁၇(တနင်္လာနေ့) ရုံးတက်ရောက်ပါသည်။
၂၁.၂.၂၀၁၇(အင်္ဂါနေ့) (၁၀း၀၀)နာရီအချိန် လောကအလင်းအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များလာ ရောက်ပြီး ပြည်သူ့ရေးရာလုပ်ငန်းများနှင့် ပတ်သက်ပြီး သဘောထား အမြင် အကြံပြုမှုများတွေ့ဆုံဆွေးနွေးကြပါသည်။
၂၂.၂.၂၀၁၇(ဗုဒ္ဓဟူးနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီနှင့် မွန်ပြည်နယ်ဆက်သွယ်ရေးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီးလုပ်ငန်းဆိုင်ရာကိစ္စများကို ရှင်းလင်းဆွေးနွေး ကြပါသည်။
၂၃.၂.၂၀၁၇(ကြာသပတေးနေ့) ရုံးတက်ရောက်ပါသည်။
၂၄.၂.၂၀၁၇(သောကြာနေ့) ရုံးတက်ရောက်ပါသည်။
၂၅.၂.၂၀၁၇(စနေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၂၆.၂.၂၀၁၇(တနင်္ဂနွေနေ့) ရုံးပိတ်ရက်ဖြစ်ပါသည်။
၂၇.၂.၂၀၁၇(တနင်္လာနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မြေခွန်ကောက်ခံရေး ကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနှင့် ခရိုင်အုပ်ချုပ်ရေးမှူး (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) မော်လမြိုင်ခရိုင်/ သထုံ တို့တွေ့ဆုံ ဆွေးနွေးကြပါသည်။ (၁၃း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် Ooredooကုမ္ပဏီမှတာဝန်ခံများတွေ့ဆုံ၍လုပ်ငန်း ကိစ္စရပ်များကို တင်ပြဆွေးနွေးကြပါသည်။
၂၈.၂.၂၀၁၇(အင်္ဂါနေ့) ရုံးတက်ရောက်ပါသည်။

