မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၈.၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးရေးရာကော်မတီခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးဝန်ကြီး နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါ သည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမအကြိမ်ပုံမှန် အစည်းအဝေးမှ (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအထိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးနှင့် သက်ဆိုင်သည့် ကတိဝင်မေးခွန်းတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို နေ့လည် (၁၁း၄၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



