ရန်ကုန်တိုင်းဒေသကြီးလွှတ်တာ်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဝင်များနှင့် မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းလူမျိုးများအရေးဆိုင်ရာကော်မတီဝင်များ တွေ့ဆုံဆွေးနွေးခြင်း
(၁၄-၁၁-၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၃း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဝင်များနှင့် မွန်ပြည်နယ် လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မီဝင်များ တွေ့ဆုံဆွေးနွေးကြပါသည်။ တွေ့ဆုံဆွေးနွေး ပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်း သားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင်မှ ကော်မတီနှင့်ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ကော်မတီနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခြင်း၊ အပြန်အလှန်မေးမြန်းဆွေးနွေးကြပါသည်။




