1052

လွှတ်တော်ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၂၅-၅-၂၀၁၆)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရေးရာအစည်းအဝေးခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဝင်များမှ ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေစက်ရုံနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ဆွေးနွေးကြပါသည်။ အစည်းအဝေးကို (၁၁း၃၀)အချိန်တွင် ရပ်နားပါသည်။

 

(၂၅-၅-၂၀၁၆)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရေးရာအစည်းအဝေးခန်းမတွင် ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဝင်များနှင့်အတူ A.K ကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာမှ မော်လမြိုင်-ရေးလမ်းပိုင်းကိစ္စအား ရှင်းလင်း တင်ပြခြင်းဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြပါသည်။ အစည်းအဝေးကို (၁၄း၃၀)အချိန်တွင် ရပ်နားပါသည်။

20160525_103250