2566

သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်ပတ်သက်၍အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

(၁၂.၁၀.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ သဘာဝဓာတ်ငွေ့ရည်အားတင်သွင်း၍ သဘာဝဓာတ်ငွေ့သုံးနှင့်စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမွန်ပြည်နယ်တွင်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစူးစမ်းလေ့လာမှု၊ သဘာဝပတ်ဝန်းကျင် လူမှုဝန်းကျင်လေ့လာဆန်းစစ်မှု များဆောင်ရွက်နိုင်ရန်တင်ပြခြင်းကိစ္စနှင့်ပတ်သက်၍အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင် ရာလေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက် ကြပါသည်။

ဆွေးနွေးပွဲကို (၁၂.၁၀.၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။